ဗောက်ထတာက စိတ်အနှောင့်အယှက်တစ်ခုပါပဲ။ ခေါင်းခဏခဏ ယားရသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိအောင်လည်း ဗောက်က စွမ်းဆောင်နိုင်ပါတယ်။ သင်က ဗောက်သက်သာအောင် နည်းလမ်းတော်တော်များများကို စမ်းကြည့်ပေမယ့် မထိရောက်ဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းတွေကိုပါ စမ်းသပ်ကြည့်သင့်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ အုန်းဆီ

သင့်ဆံပင် အဖျားတွေက ခြောက်သွေ့နေမယ်ဆိုရင် အုန်းဆီ လိမ်းသင့်ပါတယ်။ အုန်းဆီက ဗောက်ပါ သက်သာစေပါတယ်။ အုန်းဆီလိမ်းပြီး ဆံထုံးထုံးကာ ခေါင်းမလျှော်ခင် ခဏတဖြုတ် ထားသင့်ပါတယ်။

၂။ သကြားညိုနဲ့ သံလွင်ဆီ

ဒီပေါင်းစပ်မှု နှစ်မျိုးက သင့်ဗောက်ကို သက်သာစေပြီး ဦးရေပြားအတွက် အထောက်အကူ ဖြစ်ပါတယ်။

၃။ Mint Spray

ပူစီနံ Mint Spray က သင့်ဦးရေပြားကို အေးစေကာ ဗောက်သက်သာစေမှာ မလွဲမသွေပါပဲ။

၄။ Aspirin နဲ့

Aspirin ဆေးက အယောင်အယမ်း သက်သာဖို့ ရည်ရွယ်ထားတဲ့ ဆေးပါ။ ဒီဆေးကို ရှန်ပူထဲ ကျိတ်ထည့်ကာ ဗောက်သက်သာအောင် ကြိုးစားကြည့်နိုင်ပါတယ်။

၅။ ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ကလည်း ဗောက်ပျောက်စေတဲ့ အာနိသင် ရှိပါတယ်။

၆။ စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကို ပုံမှန်စားပေးရင် ဗောက်သက်သာစေနိုင်ပါတယ်တဲ့။

၇။ ပန်းသီး

စတော်ဘယ်ရီသီးလိုပဲ ပန်းသီးပုံမှန်စားပေးခြင်းကလည်း ဗောက်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၈။ Tea Tree Oil

Tea Tree Oil က အုန်းဆီလိုပဲ ဗောက်သက်သာစေတဲ့ ဓာတ် ပါဝင်ပါတယ်။ Tea Tree Oil ကို ဗောက်ရှိသူတွေ ဆောင်ထားသင့်ပါတယ်။

၉။ သံပယိုရည်

သံပယိုရည်ကို ခေါင်းမလျှော်ခင် ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး ဗောက်ပျောက်အောင် ကြိုးစားနိုင်ပါတယ်။

၁၀။ ဂျင်း

ဂျင်းကလည်း ဗောက်သက်သာစေပါတယ်။ ဂျင်းကို ရေနဲ့ရောကာ Blender နဲ့ ကျိတ်ပေးရပါမယ်။ ရလာတဲ့ အနှစ်ကနေ တဆင့် အရည်ထွက်လာအောင် ညှစ်ပေးရပါမယ်။ ဒီအရည်ကို ဦးရေပြားပေါ် လိမ်းနိုင်ပါတယ်။

Source: Allwomenstalk

By MyStyle Myanmar