ဆံပင်တွေငြိပြီး ရှုပ်ထွေးတာက ဆံပင်အရမ်းကျွတ်ပြီး အဖျားတွေပြတ်ထွက်တာမျိုး၊ ဆံပင်အဖျားရှူးတာမျိုးတွေ ဖြစ်စေပါတယ်။ ဆံသားလည်းနာပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်တွေငြိပြီး ရှုပ်ထွေးတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်ကိုဆီအမြဲလိမ်းပေးပါ

ဆံပင်ကို ဆီမလိမ်းရင် ဆံသားခြောက်သွေ့ပြီး ဖွာလာတဲ့အတွက် ဆံပင်တွေငြိပြီး ရှုပ်ထွေးလွယ်ပါတယ်။ ဘယ်မှမသွားပဲ အိမ်မှာနေရင်းနဲ့ကို ဆံပင်တွေက ငြိနေတာမျိုး၊ ရှုပ်ထွေးနေတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဆံပင်ကိုဆီအမြဲလိမ်းပေးပါ။ ဦးရေပြားကိုလိမ်းစရာမလိုပါဘူး။ ဆံသားကိုပဲ လိမ်းပေးရင်ရပါတယ်။ အဖျားတွေကိုတော့ ပိုပြီးလိမ်းပေးပါ။

ဆံပင်ပေါင်းပေးပါ

ဆံလုံးသေးတဲ့သူတွေနဲ့ ဆံသားပျက်စီးနေတဲ့သူတွေက ဆံပင်တွေငြိပြီး ရှုပ်ထွေးတာမျိုး ပိုဖြစ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ခေါင်းလျှော်ပြီးတိုင်းမှာ ဆံပင်ပေါင်းပေးတာမျိုး (သို့) တစ်ပတ်တစ်ခါ ဆိုင်မှာပေါင်းတင်ပေးတာမျိုး လုပ်ပေးရပါမယ်။

အပူချောင်းတွေသုံးတာလျော့ပါ

ဆံပင်ကိုဖြောင့်စက်ဆွဲလိုက်၊ ကောက်လိုက်နဲ့ အပူချောင်းတွေသုံးတာများရင်လည်း ဆံသားပျက်ဆီးပြီး ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် အပူချောင်းတွေသုံးတာကိုလည်း လျော့ရပါမယ်။

အိပ်တဲ့အခါဆံပင်ချမအိပ်ပါနဲ့

ညအိပ်တော့မယ်ဆိုရင် ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးအိပ်တာက ပိုကောင်းပါတယ်။ ဆံပင်ချပြီးအိပ်ရင်တော့ နိုးလာတဲ့အခါမှာ ဆံသားတွေငြိပြီး ရှုပ်ထွေးလို့ ရှင်းရခက်ပါမယ်။ ဆံပင်တွေလည်း ပိုကျွတ်လာပါလိမ့်မယ်။

ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့

ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်ကြမ်းတမ်းစေသလို ဆံသားလည်းငြိပြီး ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် ဘယ်လောက်အေးအေး ရေနွေးနဲ့ ခေါင်းလျှော်တာမျိုးကို မလုပ်သင့်ပါဘူး။

ဘီးကြဲနဲ့ဖြီးပေးပါ

ဘီးစိတ်လေးတွေနဲ့ ခေါင်းဖြီးမယ်ဆိုရင် ရှင်းရခက်ပြီး ဆံသားတွေပိုငြိလာမယ်၊ ပိုပြီးရှုပ်ထွေးတာမျိုး၊ ဆံသားတွေလုံးပြီးရှုပ်ထွေးကုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘီးကြဲနဲ့ ဆံပင်အောက်ဖျားကနေ ဖြည်းဖြည်းချင်းစီ ဖြီးပေးပါ။

Source:www.stylecraze.com