လေထု၊ အစိုဓာတ်တွေနဲ့ ထိတွေ့ခြင်းကြောင့် သင့် Fancy Accessories တွေက အရောင်မှိန်တာ၊ အရောင်ပြောင်းတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ Fancy အရည်အသွေးအမျိုးမျိုးအလိုက် အရောင်အမြန်မြိန်တာ၊ ကြာကြာခံတာ စတာတွေက ကွဲပြားနိုင်ပါတယ်။ သင်က ဝယ်ထားတဲ့ ဆွဲကြိုး၊ ဟန်းချိန်းတွေ အချိန်ခဏလောက်ပဲ အရောင်ခံလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ်ကြိုက်တဲ့ Fancy ဆွဲကြိုးတွေ၊ လက်စွပ်လက်ကောက်တွေကို အချိန်အကြာကြီး ခံစေချင်တာ ပျိုမေတိုင်းရဲ့ ဆန္ဒပါပဲ။ ဒီတော့ သင့်ရဲ့ Fancy ပစ္စည်းတွေ အရောင်အမြန်မမှိန်အောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ အလုံပိတ်ဘူးထဲ သိမ်းထားပါ

ဖန်စီပစ္စည်းတွေက လေခဏခဏ ထိတဲ့အခါ အရောင်အမြန်မြိန်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် မဝတ်တော့တဲ့အချိန် အလုံပိတ်ဘူးထဲ ထည့်သိမ်းထားသင့်ပါတယ်။

၂။ ရေမွှေးထိတာမျိုးရှောင်ပါ

လိုးရှင်းနဲ့ ရေမွှေးမှာ ပါတဲ့ ဓာတုပစ္စည်းတွေက ဆွဲကြိုး Accessories တွေနဲ့ ဓာတ်ပြုပြီး ဆွဲကြိုးအရောင်မှိန်သွားတတ်ပါတယ်။ ဒါကြောင့် လိုးရှင်းလိမ်းပြီး ဒါမှမဟုတ် ရေမွှေးဆွတ်ပြီးမှ Accessories ဝတ်သင့်ပါတယ်။

၃။ ဆေးကြောနိုင်ပါတယ်

သင့် Fancy Accessories တွေက အညစ်အကြေးပေသွားတယ်ဆိုရင် Baby Shampoo ကိုသုံးပြီး ဆေးပေးနိုင်ပါတယ်။ ဆေးပြီးတာနဲ့ ရေခြောက်အောင် အမြန်သုတ်ပေးရပါမယ်။

၄။ Nail Polish

ရွှေ၊ငွေ အစစ်မဟုတ်တဲ့ ဆွဲကြိုးတွေက အရောင်ခဏလေးနဲ့ မှိန်သွားတတ်ပါတယ်။ ရိုးရိုး Fancy ပစ္စည်းတွေကို အရောင်မမှိန်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုက လက်သည်းအကြည်ရောင်နဲ့ သုတ်ပေးလိုက်တာပါပဲ။ ဒီလိုသုတ်ပေးတာကြောင့် Accessories ကို ကာကွယ်ရာရောက်ပြီး အရေပြား စိမ်းကျန်ခဲ့တာမျိုးကိုလည်း တစ်ခါတည်း တားဆီးရာရောက်ပါတယ်။

၅။ အမြဲမဝတ်ထားပါနဲ့

ပန်းကန်ဆေးတဲ့အချိန်၊ ရေချိုးတဲ့အချိန်တွေမှာ သင့် Accessories တွေကို ချွတ်ထားသင့်ပါတယ်။ ဒီလိုမှ အရောင်အမြန်မြိန်တာကို လျော့နည်းစေမှာပါ။

၆။ သွားတိုက်ဆေး

ကိုယ့်ရဲ့ Fancy ပစ္စည်းတွေကို သန့်ရှင်းတောက်ပြောင်ဖို့ ပြုလုပ်နိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်းကတော့ သွားတိုက်ဆေး၊ Ketchup တွေနဲ့ ပွတ်တိုက်ပေးတာပါ။ ဒီနည်းလမ်းက ထိရောက်ကြောင်း သက်သေပြထားတဲ့ ဗီဒီယိုများစွာကို Social Media ပေါ်မှာ ရှာဖွေတွေ့နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar