အသက်အရွယ်၊ နေရောင်ဒဏ်နဲ့ ရေဓာတ်ခန်းခြောက်တာ စတဲ့ အကြောင်းအရင်းတွေကြောင့် မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်လာသလို မျက်နှာအမူအရာတွေကြောင့်လည်း အရေးအကြောင်းတွေ ဖြစ်တတ်ပါတယ်။ ဒီလို အရေးအကြောင်းတွေကို လျှော့ချနိုင်ဖို့နဲ့ ကျန်းမာပြီး ချောမွေ့တဲ့ အသားအရေကိုရဖို့ ဒီအချက်တွေကို လိုက်နာကြည့်ပါ။

1. Sunscreen လိမ်းပါ

အသားအရေကို အရေးအကြောင်းတွေကနေ ကာကွယ်ဖို့ နံပါတ်တစ်နည်းလမ်းက Sunscreen လိမ်းဖို့ပါ။ အရေပြားအပေါ် ဆိုးကျိုးများစွာ ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ SPF 30 နှင့်အထက်ရှိတဲ့ Sunscreen မဖြစ်မနေလိမ်းပေးပါ။

2. ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်က အရေပြားထဲက သွေးကြောတွေကိုကျဉ်းစေပြီး အရေပြားဆဲလ်များ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များရရှိမှုကို နည်းစေတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုနဲ့ အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ ါကြောင့် အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ချင်ရင် ဆေးလိပ်ဖြတ်ပါ။

3. လုံလောက်အောင်အိပ်ပါ

အိပ်တာက ခန္ဓာကိုယ်ရဲ့ ပျက်စီးနေတဲ့ဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး ကော်လာဂျင်နဲ့ အီလက်စတင်အမျှင်များကို ထုတ်လုပ်ပေးတာကြောင့် အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်အောင် ညတိုင်း အနည်းဆုံး 8 နာရီ အိပ်ဖို့ သေချာပါစေ။

4. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားပါ

မျှတတဲ့ အစားအသောက်ကို စားတာက အသားအရေကို နုပျိုစေပြီး ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းများနဲံ ကျန်းမာရေးနှင့် ညီညွတ်သော အဆီများ များများစားပေးပါ။

5. စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုများရင် အသားအရေအိုမင်းတာက ပုံမှန်ထက်ပိုမြန်တာမလို့ အချိန်ယူပြီး ယောဂကျင့်တာ ၊ အသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းလုပ်တာ ၊ သတိပဋ္ဌာန် ဒါမှမဟုတ် တရားထိုင်တာ စတာတို့ကို လေ့ကျင့်ပါ။

6. ရေသောက်ပါ

အရေးအကြောင်းတွေ ကင်းဝေးစေဖို့ ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ရေက အရေပြားဆဲလ်များကို ရေဓာတ်ထိန်းပေးပြီး ရေဓာတ်ခန်းခြောက်ခြင်းကို တားဆီးပေးတာကြောင့် အရေးအကြောင်းဖြစ်မှုကို လျှော့ချပေးပါတယ်။

7. Moisturizer ပုံမှန်သုံးပါ

Moisturizer က အရေးအကြောင်းများ လျော့ကျစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်အသားအရေ အမျိုးအစားနဲ့ ကိုက်ညီတဲ့ Moisturizer ကို ရွေးပြီး တစ်နေ့ကို နှစ်ကြိမ် လိမ်းပေးပါ။

8. Anti-aging Products များသုံးပါ

Anti-aging Products များက နုပျိုပြီး အရေးအကြောင်းကင်းတဲ့အသားအရေကို ရဖို့ကူညီပေးတာကြောင့် အသားအရေအတွက် Skin Care လုပ်တဲ့အခါမှာ အရေးအကြောင်းများကို လျော့ပါးစေဖို့ ရည်ရွယ်ထုတ်ထားတဲ့ Anti-aging Products များကို သုံးပေးပါ။