အားလုံးပဲ မင်္ဂလာပါနော်။ နေပူဒဏ်ပြင်းတဲ့ နွေရာသီထဲဝင်လာပြီမို့ ချွေးထွက်များပြီး ဝက်ခြံ Breakout တွေ မဖြစ်အောင် အသားအရေကို ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။ အထူးသဖြင့် Oily Skin ရှိတဲ့သူတွေမှာ ချွေးနဲ့အဆီတွေ စုရာကတစ်ဆင့် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံထွက်တာတွေ ပိုဖြစ်တတ်ပါတယ်။ ဒါတွေကို မဖြစ်ခင်ကတည်းက ကြိုကာကွယ်နိုင်ဖို့ ဒီတစ်ခေါက်မှာ အဆီပြန်သမားတွေ နွေရာသီမှာ ပုံမှန်လုပ်ပေးသင့်တဲ့ မရှိမဖြစ် အသားအရေထိန်းသိမ်းနည်း အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Cleansing သေချာလုပ်ပါ


ချွေးပေါက်ကို သေချာမသန့်စင်တဲ့အခါ ဖုန်နဲ့ ဘက်တီးရီးယားတွေဝင်ပြီး ဝက်ခြံထွက်လွယ်ပါတယ်။ ဒီလိုမဖြစ်အောင် Cleansing လုပ်ဖို့အရေးကြီးပါတယ်။ တစ်နေ့မှာ အနည်းဆုံးနှစ်ကြိမ် မျက်နှာသစ်ပေးပါ။ မိတ်ကပ်လိမ်းပြီး အပြင်ထွက်ရတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့နေ့တွေမှာဆိုရင် သုံးကြိမ်လောက် သန့်စင်တာမျိုး လုပ်ပေးပါ။

Toner ရွေးချယ်တဲ့အခါ သတိထားပါ


အဆီပြန်သမားတွေက ချွေးပေါက်ထဲမှာ ကျန်နေတတ်တဲ့ အဆီနဲ့ အညစ်အကြေးအားလုံးသန့်စင်ဖို့ Toner ကို လိုအပ်ပါတယ်။ အသားမခြောက်စေတဲ့ Toner မျိုးကို ရွေးချယ်ပေးပါ။ ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်ပေးပြီး အဆီပြန်သက်သာစေတဲ့ Salicylic Acid ၊ Niacinamide နဲ့ Green Tea တို့လို သဘာဝပစ္စည်းတွေပါတဲ့ Toner တွေ သုံးဖို့လိုပါတယ်။

လိမ်းရပေါ့ပါးတဲ့ Gel Moisturizer သုံးပါ


Moisturizer အတွက် အစိုဓာတ်ကောင်းကောင်းပေးနိုင်ပြီး Lightweight ဖြစ်တာတွေကို ရွေးချယ်ပေးပါ။ ချွေးပေါက်မပိတ်စေတဲ့ Gel အမျိုးအစားဖြစ်ဖို့လိုပါတယ်။

Oil-Free ဖြစ်တဲ့ Sunscreen သုံးဖို့လိုပါတယ်


Sunscreen အတွက် SPF 50 အနည်းဆုံးပါဝင်ပြီး Oily Skin တွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းမျိုးကို ရွေးသုံးနိုင်ရင် အကောင်းဆုံးပါပဲနော်။ အထူးသဖြင့် ချွေးပေါက်ပိတ်စေနိုင်တဲ့ မိတ်ကပ်သားနဲ့ Oil ပါတာတွေကို ရှောင်ပေးပါ။

ပုံမှန် မျက်နှာချေးချွတ်ပါ


ဆဲလ်သေတွေဖယ်ရှားဖို့ မျက်နှာချွေးချွတ်တာက အရေးကြီးသလို ချွေးထွက်များတဲ့ နွေရာသီမှာ ပိုလိုအပ်ပါတယ်။ အဆီပြန်သူတွေနဲ့ အဆင်ပြေပြီး Chemical မပါတဲ့ သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ခါလောက် ချေးချွတ်တာမျိုး လုပ်ပေးပါ။

သဘာ၀ Clay Mask နဲ့ပေါင်းတင်ပါ


Clay Mask က ချွေးပေါက်တွေသန့်စင်ပေးပြီး အဆီပြန်တာသက်သာစေပါတယ်။ Clay Mask နဲ့ ပေါင်းတင်ပေးတာက နောက်ဆက်တွဲဝက်ခြံတွေမထွက်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

ခေါင်းပုံမှန်လျှော်ပြီး ဆံပင်နဲ့မျက်နှာကို မထိအောင်ထားပါ


ဆံပင်အဆီထွက်တတ်တဲ့သူတွေဆိုရင် မျက်နှာနဲ့ထိမိတဲ့အခါ ချွေးပေါက်တွေပိတ်ပြီး အဆီဖုနဲ့ ဝက်ခြံတွေပိုထွက်ပါတယ်။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး ဆံသားကို မျက်နှာနဲ့မထိအောင်ထားပြီး ခေါင်းပုံမှန်လျှော်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar