မိန်းကလေးတိုင်းလိုလိုက ဆံပင်အဖျားတွေ နှစ်ခွအရမ်းဖြစ်ပါတယ်။ ဆံပင်ကို သေချာ ပုံမှန်ဂရုစိုက်ပေးနိုင်မှသာ ဆံပင်အဖျားတွေက နှစ်ခွမဖြစ်မှာပါ။ ဒါကြောင့် ဆံပင်အဖျားတွေ နှစ်ခွမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

ရေကြက်သီးနွေးလေးနဲ့ခေါင်းလျှော်ပါ

ဆံပင်ကို ရေနွေးနဲ့လျှော်မှသာ ဆံပင်အရမ်းကျွတ်စေတာပါ။ ရေကြက်သီးနွေးလေးနဲ့ လျှော်တာကတော့ ဆံပင်မကျွတ်စေပါဘူး။ ဒီလို ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပေးတာက ဆံပင်အဖျားတွေ နှစ်ခွမဖြစ်အောင်၊ ဆံပင်အဖျားတွေဖွာပြီး ကွဲမထွက်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ဆံသားအတွက်မှန်ကန်တဲ့ Product ကို ရွေးသုံးပါ

ကိုယ့်ဆံသားအတွက် အဆင်ပြေစေမယ့်၊ တကယ်ကောင်းတဲ့ Hair products တွေကို သေချာရွေးသုံးပါ။ တွေ့ကရာအစုံသုံးမယ်ဆိုရင်တော့ ဆံပင်တွေပျက်စီးပြီး ဆံသားခြောက်သွေ့လာမယ်။ နောက်ဆက်တွဲကတော့ ဆံပင်အဖျားတွေ နှစ်ခွဖြစ်လာတာပါပဲ။

ရေကူးတဲ့အခါမှာ Swimming Cap ဆောင်းပါ

ရေကူးတဲ့အခါမှာ ဒီတိုင်းကူးမယ်ဆိုရင်တော့ ဆံပင်ကို ကလိုရင်းထိတဲ့အတွက် ဆံပင်အရမ်းပျက်စီးပါတယ်။ ဆံသားတွေခြောက်ပြီး ခေါင်းဖြီးလိုက်တာနဲ့ ဆံပင်တွေအရမ်းကျွတ်ပါလာမယ်။ ဆံပင်အဖျားတွေ နှစ်ခွဖြစ်လာပါမယ်။ ဒါကြောင့် ရေကူးတဲ့အခါမှာ Swimming Cap ဆောင်းဖို့ လုံးဝမမေ့ပါနဲ့။

Conditioner သုံးပါ

ခေါင်းလျှော်တဲ့အခါမှာ ဒီတိုင်း Shampoo တစ်မျိုးထဲသုံးပြီး လျှော်မယ်ဆိုရင်တော့ ဆံပင်ဖွာတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်အဖျားတွေ နှစ်ခွဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner ကောင်းကောင်းသုံးပေးဖို့ မမေ့ပါနဲ့။ ဒါမှ ဆံပင်အဖျား နှစ်ခွဖြစ်တာတွေလည်း သက်သာလာမယ်။ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါမယ်။

ဆံပင်အဖျားတွေကိုပုံမှန်ညှပ်ပေးပါ

ဆံပင်အဖျားတွေ နှစ်ခွမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ရင် ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးပါ။ တစ်လတစ်ခါလောက် ညှပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။ ဆံပင်အဖျားတွေ နှစ်ခွဖြစ်နေတာကို မညှပ်ပေးရင်တော့ ပိုပြီးဆိုးလာပါလိမ့်မယ်။

Dryer သုံးရင် အပူမသုံးပါနဲ့

အကောင်းဆုံးကတော့ ခေါင်းလျှော်ပြီးရင် ဆံပင်ကို Towel နဲ့သုတ်ပြီး သဘာဝအတိုင်းပဲ အခြောက်ခံတာက အကောင်းဆုံးပါ။ Dryer က အရေးကြီးကိစ္စသွားစရာမရှိရင် မသုံးတာကောင်းပါတယ်။ Dryer သုံးရင် ဆံသားအဆီဓာတ်ဆုံးရှုံးပြီး ဆံသားခြောက်သွေ့စေတယ်၊ ဆံပင်အဖျားတွေ ပိုပျက်စီးစေတယ်၊ ဆံပင်နှစ်ခွဖြစ်စေပါတယ်။ Dryer သုံးမယ်ဆိုလည်း အပူနဲ့မသုံးပဲ လေအေးနဲ့ပဲ သုံးပေးသင့်ပါတယ်။