ကျွန်မတို့ အများစုဟာ အချိန်အများစုကို Social Media သုံးပြီး ကုန်ဆုံးလေ့ရှိပါတယ်။ Facebook သုံးတာ၊ Instagram, Tiktok သုံးတာများပြီး တခြားသူတွေရဲ့ ဘဝတွေအပေါ် စိတ်ဝင်စားပြီး အားကျတတ်ကြပါတယ်။ ဒီလို အားကျလွန်းတဲ့အခါ သင့်ကိုယ်သင် လေးစားစိတ်၊ ယုံကြည်မှုကို ကျစေနိုင်ပါတယ်။ အောက်ပါ နည်းလမ်းတွေကတော့ Social Media ကြောင့် Toxic Thinking ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ကွယ်ခြင်းကို တားဆီးနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ တိတ်ဆိတ်ခြင်းက ရွှေလို တန်ဖိုးရှိပါတယ်

Social Media တွေရဲ့ Notification ကို ပိတ်လိုက်တဲ့အခါ သင်က ခဏခဏ လိုင်းသုံးမိခြင်းကို တားဆီးရာရောက်ပါတယ်။ ဒီလို ပိတ်ထားလိုက်တဲ့အခါ ခဏခဏ Noti စစ်တဲ့ အကျင့်ကိုပါ ဖျောက်ရာရောက်ပါတယ်။

၂။ Social Media ပေါ်က လူတွေရဲ့ ဘဝဟာ အမြည်းကျွေးထားရုံသဘောပါပဲ

ဘယ်သူမှတော့ ကံဆိုးတဲ့ နေ့တွေမှာ အလှဓာတ်ပုံရိုက်ပြီး တင်ပြမှာ မဟုတ်ပါဘူး။ Account တစ်ခုပေါ်မှာ ပျော်နေတာတွေနဲ့ပဲ ပြည့်နှက်နေမယ်ဆိုရင် ဒီအရာတွေက သူတို့ရဲ့ အပေါ်ယံတွေပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ ဘာဖြစ်နေလဲ ဘယ်သူမှ မသိနိုင်ပါဘူး။

၃။ အားမငယ်ဘဲ သူတို့ကို အတုယူပါ

သင်က Social Media ပေါ်က အောင်မြင်မှု တွေ အများကြီး ရထားတဲ့ သူတွေရဲ့ ဘဝနဲ့ သင့်ဘဝကို ယှဉ်ပြီး အားငယ်နေနိုင်ပါတယ်။ ဒီ အားငယ်တဲ့အတွေးကနေ အားကျအတုယူတဲ့ ဆီပြောင်းသင့်ပါတယ်။ ခြေလှမ်းသေးသေးလေးတွေ လှမ်းပြီး သူတို့လို သင်ကိုယ်တိုင် ဖြစ်နိုင်ကြောင်း အားယူသင့်ပါတယ်။

၄။ အနားယူပါ

သင်က Social Media သုံးလွန်းနေပြီလို့ သိတာနဲ့ ခဏ ရပ်လိုက်သင့်ပါတယ်။ ဖုန်းကို သင်နဲ့ အဝေးမှာ ထားပြီး သူငယ်ချင်းတွေ နဲ့ တွေ့တာ၊ မိသားစုနဲ့ အချိန်ကုန်ဆုံးတာ စတာတွေကို လုပ်သင့်ပါတယ်။

၅။ စာရင်းချမှတ်ပါ

စာအုပ်တစ်အုပ်ပေါ်မှာ သင့်ကိုယ်သင် သဘောကျမိတဲ့ အချက်တွေကို ချရေးသင့်ပါတယ်။ သင်နှစ်သက်မိတဲ့ သင့်အကြောင်းတွေက သင့်စိတ်ကို အားတက်စေလာနိုင်ပါတယ်။

၆။ Post မတင်ခင် စဉ်းစားပါ

အချိန်အများစုမှာ Social Media ပေါ် တင်လိုက်ပြီဆိုရင် Like တွေ Comment တွေ လိုချင်ကြပါတယ်။ သင်လိုချင်သလောက် မရတာနဲ့ သင့်ကိုယ်သင် အပြစ်တင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါက Popular ပြိုင်ပွဲမဟုတ်ပါဘူး။ သင်တင်တဲ့ Post ကို သင်ကြိုက်နေရင် ရပါပြီ။

၇။ အိပ်ယာဝင်ခါနီး နှုတ်ဆက်ပါ

အိပ်ခါနီး ဖုန်းသုံးတာက သင့်အိပ်ချိန်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အိပ်ခါနီး သင့် Social Media ကို ပိတ်ထားလိုက်တဲ့အခါ ပိုနားချိန်ရပြီး သင့်စိတ်ကိုလည်း ပိုကြည်လင်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar