Gym ဆော့တဲ့သူတိုင်းမလွဲမသွေကြုံတွေ့ရတဲ့ပြဿနာတစ်ခုက ကြွက်သားနာကျင်ကိုက်ခဲမှုတွေ ပဲဖြစ်ပါတယ်။Gym စဆော့ပြီဆိုတာနဲ့ လက်မောင်းကြွက်သားတွေ ၊ ဝမ်းဗိုက်ကြွက်သား တွေ ၊ ခါးနေရာတွေမှာ တစ်ပတ်လောက်ကအီစိမ့်နေအောင် နာကျင်ကိုက်ခဲမှုဝေဒနာတွေကြုံတွေ့ခံစားကြရပါတယ်။ ဒီလို ကြွက်သားနာကျင်ကိုက်ခဲမှုတွေမဖြစ်အောင်နဲ့ ကြွက်သားတွေနာကျင်လာရင်အမြန်ဆုံးသက်သာစေမယ့်နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) ဖြည်းဖြည်းခြင်းစတင်ပါ

အချိန်တော်တော်ကြာအားကစားမလုပ်ပဲနေလာတဲ့ ခန္ဓာကိုယ် ကြွက်သားတွေဟာ ချက်ချင်းဆိုသလိုအလေးတုံးတွေနဲ့ကစားလိုက်တာအတွက်ကြွက်သားနာကျင်ယောင်ရမ်းမှုတွေဖြစ်ပေါ်လာရတာပါ။ဒါကြောင့်စစဆော့ခြင်းတစ်ပတ်လောက်မှာ ကြွက်သားတွေကိုပြန်လည် နိုးပေးတဲ့အနေနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ကစားနည်းလေးတွေနဲ့ စတင်သင့်ပါတယ်။တစ်ပတ်လောက်ကစားပြီးမှသာ ဖြည်းဖြည်းခြင်းအလေးတိုးဆော့တာမျိုး ကစားနည်းပြောင်းတာမျိုးတွေပြုလုပ်သင့်ပါတယ်။

(၂) Gym မသွားတာမျိုးမလုပ်ပါနဲ့

Gym ကစားပြီးကြွက်သားကိုက်ခဲနာကျင်တာဟာ ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး။Gym ကစားတဲ့သူတိုင်းမဖြစ်မနေကြုံ တွေ့ရတာကိစ္စတစ်ခုပါ။ ကြွက်သားတွေနာကျင်လို့ နောက်နေ့ မှာ Gym မသွားတော့မျိုးမလုပ်ပါနဲ့။ ဆက်ကစားပေးပါ။ အနည်းဆုံး ၃ ရက်လောက်ကစားလိုက်တာနဲ့ ကြွက်သားတွေကအသားကျပြီး နာကျင်ကိုက်ခဲမှုဝေဒနာတွေပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ပျက်လိုက်ဆော့လိုက်လုပ်မှသာ ရက်ရှည် ကြွက်သားနာကျင်မှုတွေခံစားနေရမှာဖြစ်တာကြောင့် သည်းခံပြီးဆက်ဆော့ပါ။

(၃) အကြောလျော့ပါ

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အကြော့ခြင်းကလည်း ကျော်သွားလို့မရတဲ့ အချက်တစ်ခုဖြစ်ပါတယ်။အလေးတုံးတွေနဲ့ လေ့ကျင့်ခန်းမစတင်မှီ သွေးပူလေ့ကျင့်ခန်းအနေနဲ့ လမ်းလျောက်တာ စက်ဘီးနင်းတာစတဲ့လေ့ကျင့်ခန်းတွေကို အရင်ဆုံးလုပ်ဆောင်ပါ။အလေးတုံးတွေနဲ့ ကစားပြီးတဲ့အခါမှာလည်း (၅) မိနစ်ခန့်သေချာလေးအကြောလျော့ဖို့လိုပါတယ်။ဒါမှလည်းအိမ်ပြန် ရောက်တဲ့အခါမှာကြွက်သားနာကျင်ကိုက်ခဲမှုဝေဒနာတွေမခံစားရတော့ပဲနောက်နေ့တွေမှာ အေးအေးဆေးဆေးဆက်ကစားနိုင်မှာဖြစ်ပါတယ်။

(၄) ညင်သာစွာနှိပ်နယ်ပါ

ကြွက်သားနာကျင်ကိုက်ခဲနေတဲ့နေရာတွေကို နှိပ်နယ်ပေးလို့ ရပါတယ်။နာကျင်ကိုက်ခဲနေတဲ့နေရာတွေကို ခပ်ကြမ်းကြမ်းနှိပ်နယ်တာမျိုးမဟုတ်ပဲ ဖြေးညင်းစွာပဲ နှိပ်နယ်ပေးတာမျိုးပြုလုပ်သင့်ပါတယ်။အကောင်းဆုံးကတော့ ကြွက်သားယောင်ရမ်းနေတဲ့နေရာတွေကို ရေခဲအိတ်ကပ်ပေးတာမျိုးက ယောင်ရမ်းမှုကိုအမြန်ဆုံးလျော့ကျစေပြီး နာကျင်မှုဝေဒနာတွေပျောက်ကင်းစေမှာဖြစ်ပါတယ်။

(၅) အကိုက်ခဲပျောက်ဆေးသောက်အိပ်ပါ

Gym ကစားပြီးချင်း အိမ်ပြန်ရောက်တဲ့အခါ ကြွက်သားနာကျင်မှုကသိပ်မသိသာပေမယ့် အိပ်ယာဝင်ခါနီးလို အချိန်တွေမှာတော့ သိသိသာသာကိုကိုက်ခဲလာတာမျိုးတွေဖြစ်ပေါ်တက်ပါတယ်။ဒါကြောင့် Gym ကစားပြီးညဘက်အိပ်ယာဝင်ခါနီးမှာ အကိုက်ခဲပျောက်ဆုံးတစ်ခုခုသောက်ပြီး ကောင်းစွာအိပ်စက် အနားယူပါ။အကိုက်ခဲပျောက်ဆေးနဲ့ မတည့်တဲ့သူတွေ အစာအိမ်ရောဂါရှိတဲ့သူတွေကတော့ ဆေးမသောက်ပဲအပေါ်မှာပြောခဲ့အတိုင်း နှိပ်နယ်ပေးရုံနဲ့လုံလောက်ပါတယ်။