သင်က မိတ်ကပ်ခဏခဏ လိမ်းရပြီး အင်္ကျီအဖြူဝတ်ရသူ ဒါမှမဟုတ် အင်္ကျီခဏခဏ လဲဖြစ်သူဆိုရင် ဒီအကြောင်းအရာကို ဖတ်သင့်ပါတယ်။ အင်္ကျီမှာ မိတ်ကပ်စွန်းတာက သင့်ကို အင်မတန်ဂွမ်းစေပြီး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အင်္ကျီပေါ်က မိတ်ကပ်ကို ပြန်ဖျက်ရတာလည်း အလုပ်တစ်လုပ်ပါပဲ။ ဒီတော့ နောက်တစ်ခါကျ မိတ်ကပ်ထပ်စွန်းတာမျိုး မဖြစ်ရအောင် ဒီနည်းလမ်းတွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ မေးရိုးကျော်တဲ့အထိ မိတ်ကပ်မလိမ်းပါနဲ့

သင်က အင်္ကျီလည်ပင်းကို မိတ်ကပ်မပေစေချင်ဘူးဆိုရင် မိတ်ကပ်ကို မေးရိုးလိုင်း အကျော်နားအထိပဲ လိမ်းသင့်ပါတယ်။ မျက်နှာနဲ့ လည်ပင်း တစ်ရောင်စီ ဖြစ်နေမှာပေါ့လို့ သင် ပြောနိုင်ပါတယ်။ ဒါက မိတ်ကပ်ရွေးချယ်မှုနဲ့လည်း ပတ်သက်ပါတယ်။ သင့်အသားအရေအရောင်နဲ့ တစ်ထပ်တည်းတူတဲ့ မိတ်ကပ်အရောင်ကို ရှာဖွေဝယ်ယူသင့်ပါတယ်။

၂။ အနည်းငယ်စိုတဲ့အဝတ်ကို သုံးပါ

ရေအနည်းငယ်စိုနေတဲ့ အဝတ်စအသန့်ကိုယူပြီး သင့်မိတ်ကပ်လိမ်းထားတဲ့ မျက်နှာပေါ် ပုတ်ပေးရပါမယ်။ ဒီလိုပုတ်လိုက်တဲ့အခါ သင့်မျက်နှာပေါ်က ပိုလျှံနေတဲ့ မိတ်ကပ်တွေ ပါသွားပြီး အင်္ကျီစွန်းတာတွေ မဖြစ်တော့ပါဘူး။

၃။ ပဝါစ

ပဝါစတစ်ခုကို သင့်မျက်နှာပေါ်မှာ အုပ်ပေးရပါမယ်။ အင်္ကျီဝတ်တဲ့အခါ မျက်နှာနဲ့ သင့်အင်္ကျီမထိအောင် ပဝါက ကြားခံအနေနဲ့ ကာပေးနေပါလိမ့်မယ်။ ပြန်ချွတ်တဲ့အခါမှာလည်း ပထမသုံးထားတဲ့ ပဝါနဲ့ ပြန်အုပ်ပြီး မိတ်ကပ်မပေအောင် ကြိုးစားကြည့်နိုင်ပါတယ်။

၄။ လက်ကိုင်ပဝါ

သင်က အင်္ကျီကော်လံနဲ့ အဝတ်အစားမျိုးကို ဝတ်တဲ့အခါ လည်ပင်းပေါ်က မိတ်ကပ်တွေ မပေအောင် လက်ကိုင်ပဝါကို သုံးနိုင်ပါတယ်။ လက်ကိုင်ပဝါကို ခေါက်ပြီးနောက် ကော်လံပေါ်မှာ ခေါက်တင်ပေးရပါမယ်။ ကော်လံနဲ့ လက်ကိုင်ပဝါကို မြဲနေအောင် ကပ်ထားဖို့တော့ လိုပါတယ်။

၅။ Primer နဲ့ Setting Spray သုံးပါ

်မိတ်ကပ်လိမ်းတာမှာ လိုအပ်တဲ့ အဆင့်တွေဖြစ်တဲ့ Primer နဲ့ Setting Spray ကို ကျော်လို့ မရပါဘူး။ Primer က မိတ်ကပ်ခံအောင်လုပ်ပေးပြီး Setting Spray က မိတ်ကပ်တွေ မကွာကျအောင် ထိန်းပေးနိုင်ပါတယ်။ Setting Spray ကို ဖြန်းပြီးနောက် မျက်နှာခြောက်အောင်ထားပေးရပါမယ်။ ဒီနောက်မှာတော့ သင့်အင်္ကျီမိတ်ကပ်စွန်းတာ နည်းသွားပါလိမ့်မယ်။

Photo Source: Getty Images

by MyStyle Myanmar