အခုနောက်ပိုင်းမှာ ရာသီဥတုကလည်း တော်တော်လေးကို ပူအိုက်လာပြီနော်။ အပြင်မထွက်ချင်လောက်အောင်ကို ပူလွန်းနေတဲ့အချိန်မှာ မဖြစ်မနေရုံးသွား၊ ကျောင်းသွားရမယ့် ကိစ္စတွေလည်းရှိနေတော့ ထွက်ရတော့မှာပဲပေါ့။ နေတွေလည်းအရမ်းပူတော့ အသားအရေတွေလည်း အဆီပြန်ပြီး ဝက်ခြံထွက်တာတွေကို ပိုပြီးအဖြစ်များနေစေတာပေါ့။ ဒါပေမယ့် စိတ်မပူကြပါနဲ့ နွေရာသီမှာဖြစ်တတ်တဲ့ ဝက်ခြံပေါက်တာတွေကို ဖြေရှင်းလို့ရမယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သေသေချာချာသန့်စင်ပေးပါ

Photo Source : USA love list

အဓိကကတော့ သန့်ရှင်းမှုပါပဲ။ နေတွေပူလွန်းနေတဲ့အချိန်မှာ အပြင်ထွက်မယ် မျက်နှာမှာ အဆီတွေပြန်နေမယ်။ အိမ်ကိုပြန်ရောက်တဲ့အခါမှာလည်း မျက်နှာကို သေချာမသန့်ရှင်းပေးဘူးဆိုရင်တော့ ဝက်ခြံတွေဖြစ်လာစေဖို့ အားပေးနေသလိုဖြစ်နေစေမှာပါ။ ဒါကြောင့် လိမ်းထားတဲ့မိတ်ကပ်တွေကို သေချာသန့်စင်ပေးပြီး မျက်နှာကိုလည်း သေချာသစ်ပေးမယ်ဆိုရင်တော့ သက်သာစေမှာပါ။

အဆီတွေကို ဖယ်ရှားပေးပါ

Photo Source : AliExpress.com

နွေရာသီကပူပြင်းလွန်းတော့ မျက်နှာမှာအဆီတွေကို ဖြစ်စေပါတယ်။ ဒီအဆီတွေနဲ့ အပြင်မှာရှိတဲ့လေထုထဲက အညစ်အကြေးတွေနဲ့ ရောနှောသွားတဲ့အခါမှာတော့ ဝက်ခြံတွေကိုပိုပြီးတော့ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားရင် သင့်အိတ်ထဲမှာ အဆီစုပ်တဲ့စက္ကူလေးတွေကို ဆောင်ထားဖို့လိုပြီနော်။ မျက်နှာမှာနည်းနည်း အဆီပြန်လာပြီဆိုတာနဲ့ ထုတ်သုံးလိုက်မယ်ဆိုရင် ဝက်ခြံဖြစ်တာတွေကိုလည်း လျော့နည်းလာစေမှာပါ။

ကာကွယ်ဖို့နည်းလမ်းရှာမယ်

Photo Source : Pinterest

သင်ကအရင်ထဲက အဆီပြန်တတ်တဲ့သူဆိုရင် နွေရာသီကိုရောက်လာပြီဆိုရင် ပိုပြီးတော့သတိထားဖို့လိုပါတယ်။ မိတ်ကပ်ကိုလည်း အစိုဓာတ်ပါတာမျိးတွေကိုရှောင်ပြီး သေချာလေးရွေးပြီးတော့ အသုံးပြုသင့်တယ်လို့ထင်ပါတယ်။

အဓိကကတော့ သန့်ရှင်းမှုပါ အဆီပြန်တဲ့အခါမှာ ဖုန်မှုန့်တွေကပ်သွားတာနဲ့ မျက်နှာအသားအရေက ညစ်နွမ်းပြီး ဘက်တီးရီးယားတွေကြောင့် ဝက်ခြံဖြစ်စေတာဆိုတော့ အခုဖော်ပြထားတာတွေကိုပဲ လိုက်နာမယ်ဆိုရင်တောင် ပျိုမေတို့အတွက် အဆင်ပြေစေမှာပါ။

Featured Image Source: Dr Batra’s