အသားအရေ အဆီပြန်တတ်တဲ့ မိန်းကလေးတွေရဲ့ အခက်အခဲကတော့ မိတ်ကပ်လိမ်းတဲ့အချိန်ပါ။ မိတ်ကပ်လိမ်းပြီးရင် အဆီပြန်တာကြောင့် မိတ်ကပ်က သိပ်မခံဘဲ အဆီ တစ်ဝင်းဝင်း ဖြစ်နေလေ့ရှိပါတယ်။ အခန့်မသင့်ရင် မိတ်ကပ်နဲ့ မျက်နှာ အဆီ ပေါင်းစပ်ကာ ဝက်ခြံ ထွက်နေနိုင်ပါသေးတယ်။

ဒါ့အပြင် အဆီပြန်လာရင် သုတ်ဖို့ အဆီစုပ် စက္ကူ၊ တစ်ရှူး မရှိတဲ့အခါ ပိုတောင် အခက်တွေ့စရာပါ​။ ရာသီဥတု ပူတဲ့အခါ မိတ်ကပ် ကွာကျပြီး နဖူးက မှန်ကြည့်လို့ ရတဲ့အထိ လင်းလက်နေတာကလည်း အဆီပြန်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အခက်အခဲပါပဲ။ ဒီတစ်ခေါက်မှာတော့ ဒီလို မဖြစ်ရလေအောင် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေ အတွက် မလိမ်းခင်တည်းက ကြိုတင်ပြင်ဆင်နည်းတွေကို ဖော်ပြပါရစေ။

၁။ ရေခဲရေထဲ မျက်နှာကို နှစ်ပါ

Photo Source: Get the Gloss

ရေခဲရေထဲ မျက်နှာနှစ်တာက ကိုးရီးယားက အမျိုးသမီးတွေ သုံးလေ့ရှိတဲ့ Trick တစ်ခုပါ။ ရေခဲတုံး တွေ နဲ့ စိမ်ထားတဲ့ ရေခဲရေထဲ နှစ်လိုက်တဲ့အခါ အဆီပြန်တာကို လျှော့ချပေးတဲ့အပြင် ချွေးပေါက်ပါ ပိုကျဉ်းစေပါတယ်။ ဒါ့အပြင် မိတ်ကပ် လွယ်လွယ်နဲ့ မပျက်ဘဲ ပိုကြာရှည်ခံစေပါတယ်​။

၂။ Mattifying Toner

Photo Source: NIVEA.ph

Matte effect က အဆီပြန်တဲ့ ကောင်မလေးတွေအတွက် အဖော်မွန်ပါပဲ။ Mattifying Toner ရဲ့ ကောင်းကျိုးကတော့ မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပြီး အသားအရေကို စိုပြေနေစေတာပါ။

၃။ Gel Based Moisturizer

Photo source: Pinkvilla

အဆီပြန်တတ်တဲ့ Oily skin ပိုင်ရှင်တွေ အနေနဲ့ မိတ်ကပ်လိမ်းမယ်ဆိုရင် Gel ကို အခြေခံ ထုတ်လုပ်ထားတဲ့ Moisturizer ကို ဆောင်ထားသင့်ပါတယ်။ Gel Type က အသားအရေ အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။

၄။ Matte Primer

Photo Source: Makeup Muddle

အဆီပြန်တတ်တဲ့ ပျိုမေတို့အနေနဲ့ မိတ်ကပ် မလိမ်းခင် နောက်ထပ် လုပ်သင့်တဲ့ အရာကတော့ Matte Primer ကို သုံးပေးတာပါ။ အပေါ်က Matte Type Toner လိုပဲ Matte Primer က အသားအရေ လင်းလွန်းတာကို လျော့စေမယ့်အပြင် အရေးအကြောင်း မြင်ရတာကိုပါ သက်သာစေပါတယ်။ Matte Primer က ချွေးပေါက် ကျဉ်းစေတဲ့ အပြင် ဖောင်ဒေးရှင်း မိတ်ကပ်ကို တစ်နေရာတည်းမှာ စွဲနေစေပါတယ်။

By MyStyle Myanmar