အသားအရေ အဆီပြန်တတ်တဲ့ မိန်းကလေးတွေရဲ့ အခက်အခဲကတော့ မိတ်ကပ်လိမ်းတဲ့အချိန်ပါ။ မိတ်ကပ်လိမ်းပြီးရင် အဆီပြန်တာကြောင့် မိတ်ကပ်က သိပ်မခံဘဲ အဆီ တစ်ဝင်းဝင်း ဖြစ်နေလေ့ရှိပါတယ်။ အခန့်မသင့်ရင် မိတ်ကပ်နဲ့ မျက်နှာ အဆီ ပေါင်းစပ်ကာ ဝက်ခြံ ထွက်နေနိုင်ပါသေးတယ်။
ဒါ့အပြင် အဆီပြန်လာရင် သုတ်ဖို့ အဆီစုပ် စက္ကူ၊ တစ်ရှူး မရှိတဲ့အခါ ပိုတောင် အခက်တွေ့စရာပါ။ ရာသီဥတု ပူတဲ့အခါ မိတ်ကပ် ကွာကျပြီး နဖူးက မှန်ကြည့်လို့ ရတဲ့အထိ လင်းလက်နေတာကလည်း အဆီပြန်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အခက်အခဲပါပဲ။ ဒီတစ်ခေါက်မှာတော့ ဒီလို မဖြစ်ရလေအောင် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေ အတွက် မလိမ်းခင်တည်းက ကြိုတင်ပြင်ဆင်နည်းတွေကို ဖော်ပြပါရစေ။
၁။ ရေခဲရေထဲ မျက်နှာကို နှစ်ပါ
Photo Source: Get the Gloss
ရေခဲရေထဲ မျက်နှာနှစ်တာက ကိုးရီးယားက အမျိုးသမီးတွေ သုံးလေ့ရှိတဲ့ Trick တစ်ခုပါ။ ရေခဲတုံး တွေ နဲ့ စိမ်ထားတဲ့ ရေခဲရေထဲ နှစ်လိုက်တဲ့အခါ အဆီပြန်တာကို လျှော့ချပေးတဲ့အပြင် ချွေးပေါက်ပါ ပိုကျဉ်းစေပါတယ်။ ဒါ့အပြင် မိတ်ကပ် လွယ်လွယ်နဲ့ မပျက်ဘဲ ပိုကြာရှည်ခံစေပါတယ်။
၂။ Mattifying Toner
Photo Source: NIVEA.ph
Matte effect က အဆီပြန်တဲ့ ကောင်မလေးတွေအတွက် အဖော်မွန်ပါပဲ။ Mattifying Toner ရဲ့ ကောင်းကျိုးကတော့ မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပြီး အသားအရေကို စိုပြေနေစေတာပါ။
၃။ Gel Based Moisturizer
Photo source: Pinkvilla
အဆီပြန်တတ်တဲ့ Oily skin ပိုင်ရှင်တွေ အနေနဲ့ မိတ်ကပ်လိမ်းမယ်ဆိုရင် Gel ကို အခြေခံ ထုတ်လုပ်ထားတဲ့ Moisturizer ကို ဆောင်ထားသင့်ပါတယ်။ Gel Type က အသားအရေ အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။
၄။ Matte Primer
Photo Source: Makeup Muddle
အဆီပြန်တတ်တဲ့ ပျိုမေတို့အနေနဲ့ မိတ်ကပ် မလိမ်းခင် နောက်ထပ် လုပ်သင့်တဲ့ အရာကတော့ Matte Primer ကို သုံးပေးတာပါ။ အပေါ်က Matte Type Toner လိုပဲ Matte Primer က အသားအရေ လင်းလွန်းတာကို လျော့စေမယ့်အပြင် အရေးအကြောင်း မြင်ရတာကိုပါ သက်သာစေပါတယ်။ Matte Primer က ချွေးပေါက် ကျဉ်းစေတဲ့ အပြင် ဖောင်ဒေးရှင်း မိတ်ကပ်ကို တစ်နေရာတည်းမှာ စွဲနေစေပါတယ်။
By MyStyle Myanmar