သင်က ကင်မရာရှေ့ အိုက်တင်ခံလိုက်တာနဲ့ မျက်နှာက ပြုံးရမလား၊ ခပ်တည်တည် နေရမလား ဝေခွဲ မရ ဖြစ်နေရင်တော့ ဒီပို့စ်တွေအတိုင်း အထာကျကျ ပို့စ်ပေးနိုင်ပါတယ်။ ပြုံးတဲ့အချိန် အပြုံးက အသက်မဝင်ရင် သင့်ကို ပိုကြည့်မကောင်း ဖြစ်စေပါတယ်။ ခပ်တည်တည် နေရင်လည်း အချေစိုက်ပိပြီး ဓာတ်ပုံထဲ ကိုယ့်မျက်နှာက တင်းမာ နေတတ်ပါတယ်။ ဒီတော့ မျက်နှာကို ဘယ်လိုထားရမလဲ မသိဘဲ သင့်အနေနဲ့ အူကြောင်ကြောင် ဖြစ်နေတယ်ဆိုရင်တော့ ဖော်ပြပါ ပုံစံတွေအတိုင်း ပို့စ်ပေးနိုင်ပါတယ်။

၁။ ကင်မရာကို လျစ်လျူရှုပစ်ပါ

ကင်မရာကို မကြည့်ဘဲ တခြားနေရာကို ငေးနေတဲ့ ပုံစံက သင့်ကို အထာကျစေပါတယ်။

၂။ ခန္ဓာကိုယ်ကို ဘေးစောင်းပြီး ခေါင်းကိုပါ နောက်ဘက် လှန်ထားတာ

ခေါင်းကို နောက်ဘက် မှီတဲ့ပုံစံမျိုး ပို့စ်ပေးနိုင်ပါတယ်။ ဒီပုံစံက သင့်ကို ပိုထူးခြားစေပြီး ပိုလှသွားစေမှာပါ။

၃။ နှုတ်ခမ်းကို လက်နဲ့ ထိထားတာ

လက်ညိုးကို သုံးပြီး နှုတ်ခမ်းကို ထိလိုက်တာက သင့်ကို ပိုဆွဲဆောင်မှု ရှိသွားစေမှာပါ။

၄။ နေရောင်ကို အာဘွားပေးကြမယ်

နေရောင်ကို မျက်နှာမူကာ မျက်လုံးလေး မှိတ်ထားတာကလည်း သင့်ကို ပိုထူးခြားသွားစေမှာပါ။ မျက်နှာဘယ်လိုထားရမလဲ ပါ စဉ်းစားစရာ မလိုတော့ပါဘူး။

ဒီပို့စ်တွေထဲ ဘယ်ပုံစံနဲ့ ဓာတ်ပုံရိုက်ဖူးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar