သင်က ခရီးသွားတဲ့အချိန် ဝတ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် နေပူထဲ ထွက်တဲ့အချိန် ဝတ်ဖို့ပဲ ဖြစ်ဖြစ် ရည်ရွယ်ချက် တစ်ခုကြောင့် နေကာ မျက်မှန် ဝယ်ထားသူဆိုရင် ဒီအကြောင်းအရာက သင့်အတွက် လိုအပ်မှာပါ။ နေကာ မျက်မှန်က မိန်းကလေးတိုင်းရဲ့ အခြေခံ လိုအပ်တဲ့ ဖက်ရှင်ပစ္စည်းတွေထဲမှာ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သင့်အနေနဲ့ မျက်မှန် ဝတ်တဲ့အချိန် ပုံဘယ်လို ရိုက်ရမလဲ၊ ပို့စ်ဘယ်လို ပေးရမလဲ သိထားသင့်ပါတယ်။ တစ်ခါတလေ နေကာ မျက်မှန်နဲ့ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လို ပို့စ်ပေးရမှန်း မသိ ကြောင်သွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေကာ မျက်မှန် တပ်ပြီး အထာကျကျ ပို့စ်ပေးနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

မျက်မှန်ကို လက်နှစ်ဘက်နဲ့ဘေးက ကိုင်လိုက်တာက ဘယ်လိုပို့စ်ပေးရမလဲ မသိသေးတဲ့ ကောင်မလေးတွေ အတွက် အဆင်ပြေမှာပါ။

နေကာမျက်မှန်နဲ့ အဝေးတစ်နေရာကို ငေးနေတဲ့ပုံစံက သိပ်ကြိုးစားစရာ မလိုဘဲ အထာကျနေမယ့် ပို့စ်ပါ။

နေကာ မျက်မှန်ဝတ်ထားကာ လက်နှစ်ဘက်ကို အငြိမ်မနေဘဲ တစ်ဘက်က အင်္ကျီအစလေးကို ကိုင်ထားကာ တစ်ဘက်က ပစ္စည်းတစ်ခုကို ကိုင်ထားတာကလည်း အရမ်းမိုက်တဲ့ အိုင်ဒီယာပါ။

မျက်မှန်ကို မတပ်ထားဘဲ ခေါင်းပေါ်မှာ တင်လိုက်တာက ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ Vibe ကို ပိုင်ဆိုင်စေပါတယ်။

မျက်မှန်တပ်ရင်းနဲ့ပဲ အောက်ဘက် ငုံ့ကြည့်နေတဲ့ ပို့စ်က အိုင်ဒီယာ ကောင်းတွေထဲ ပါဝင်ပါတယ်။

နေကာမျက်မှန်နဲ့ Selfie ဆွဲမယ်ဆိုရင် မျက်မှန်ထဲကနေ ကင်မရာဆီ စိုက်ကြည့်နေတဲ့ ပို့စ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြောင်း ပြသတဲ့ ပို့စ်ပါ။

မျက်မှန်နဲ့ တစ်နေရာရာကို အာရုံစိုက်ကြည့်နေတာကလည်း အိုင်ဒီယာ ကောင်းပါပဲ။

မျက်မှန်ကို မဝတ်ထားဘဲ အင်္ကျီမှာ ချိတ်ထားကာ ပို့စ်ပေးရင်လည်း အိုင်ဒီယာ အသစ် ထပ်ရသလိုပါပဲ။

မျက်မှန် ကိုင်ပြီး တစ်နေရာရာ ကြည့်ပြီးလည်း ပို့စ်မိုက်မိုက်လေး လုပ်နိုင်ပါတယ်။

အောက်ဘက် တစ်နေရာရာ ကြည့်နေတာကလည်း အထာကျတဲ့ ပို့စ်ပါ။

ခန္ဓာကိုယ် ဘေးစောင်းထားကာ နောက်ဘက်က ကင်မရာနဲ့ ရိုက်တာက ထူးခြားတဲ့ ပုံစံလေး ပိုင်ဆိုင်စေပါတယ်။

မျက်မှန်တပ်ပြီး လက်ထောက်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စတိုင်လေးကိုလည်း Try ကြည့်သင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar