မင်္ဂလာပါ ပျိုမေတို့ရေ။ နွေရာသီမှာဆို Tank Top လို့ခေါ်တဲ့ စွပ်ကျယ်ပုံစံ အင်္ကျီလေးတွေက ပေါ့ပါးပြီး လူငယ်ဆန်ဆန် ဆွဲဆောင်မှုရှိတာမို့ မိန်းကလေးတိုင်းလိုလို ဝတ်တတ်ကြပါတယ်နော်။ ဒီလိုအင်္ကျီလေးတွေက ခန္ဓာကိုယ်ပုံစံမရွေး လိုက်ဖက်တဲ့အပြင် စတိုင်လည်းကျတာမို့ ဓာတ်ပုံရိုက်လို့လည်း လှမှာအသေအချာပါပဲ။ ပျိုမေတို့ထဲမှာလည်း နွေရာသီပူပူမှာ ပေါ့ပေါ့ပါးပါး လက်ပြတ်လေးဝတ်ရင်း ဓာတ်ပုံရိုက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီဆောင်းပါးမှာပါတဲ့ Pose ပေးနည်းတွေက သင့်ကိုရိုက်သမျှပုံတိုင်းအထာကျပြီး နွေရာသီ Vibe အပြည့်ရနေဖို့ ကူညီပေးမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

နေရောင်ထဲထွက်ရိုက်မယ်ဆိုရင် နေကာနေတဲ့ Pose လေးက ကွက်တိပါပဲ။ နေအလင်းရောင်က လက်ပြတ်ဝတ်ထားတဲ့ သင့်အသားအရေလေးကိုပိုဖြူပြီး လင်းသွားစေမှာပါ။


လက်ပြတ်အင်္ကျီလေးနဲ့ ချစ်စရာကောင်းနေအောင် လက်ကလေးနှစ်ဖက်ကားပြီး ရိုက်ကြည့်ပါနော်။


ဆံပင်သပ်နေတဲ့ Pose လေးက ပူလို့ချွေးထွက်နေရင်တောင် လုံးဝမသိသာပါဘူး။


Tank Top ခါးတိုလေးတွေဝတ်ပြီး ခါးလေးထောက်ကာ Pose ပေးကြည့်ပါ။ ခန္ဓာကိုယ်လေးပေါ်ပြီး ဆွဲဆောင်မှုရှိနေမယ့် ပုံစံလေးဖြစ်ပါတယ်။


ကင်မရာတည့်တည့်မကြည့်ချင်ဘူးဆိုရင်တော့ ဒီလို တစ်ဖက်လှည့်၊ ခေါင်းငုံ့နေတဲ့ Pose လေးတွေပေးကြည့်ပါနော်။ ဦးထုပ်လေးတွေနဲ့ဆို ပိုအထာကျပါတယ်။


ထိုင်ပြီးရိုက်မယ့်သူတွေက ဒီလို ခြေထောက်လေးထောင်ထားတဲ့ Pose နဲ့လိုက်ဖက်ပါတယ်နော်။ အောက်မှာပြထားတဲ့ အထာကျကျ Pose လေးတွေကို နမူနာယူကြည့်ပါ။


ပါးလေးထောက်ပြီး ရိုက်တဲ့ပုံစံကလည်း မိန်းကလေးတိုင်းနဲ့လိုက်သလို ထွေထွေထူးထူးပြင်စရာမလိုဘဲ ပုံထွက်လှပါတယ်နော်။


လက်ပြတ်ဝတ်ရင်း လက်မောင်းသွယ်သွယ်လေးထင်းနေဖို့ ဒီလို ပုခုံးတစ်ဖက်မြှင့်ပြီး ရိုက်တဲ့အိုက်တင်လေး လုပ်ကြည့်နိုင်ပါတယ်နော်။


လေတိုက်တဲ့ဘက်ကို မျက်နှာလေးတစ်ဖက်လှည့်ပြီး နေကြည့်တာကလည်း Pose ပေးမှန်းမသိသာတဲ့ သဘာဝကျကျ Snap ပုံလေးရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar