သင်က ဘောင်းဘီတွေပဲ ဝတ်နေကျ ကောင်မလေးတစ်ယောက်ဆိုရင် ထဘီနဲ့ မြန်မာ အင်္ကျီ ဝတ်လိုက်ရင် ဘယ်လို ခြေလှမ်းရမလဲ မသိတော့သလိုပဲ ဓာတ်ပုံရိုက်တဲ့အချိန်လည်း ဒီလိုပဲ ဖြစ်တတ်ပါတယ်။ တင်ပါးကိုပဲ ကော့ထားရမလား၊ ခါးပဲ ထောက်ရမလား ဝေခွဲမရဖြစ်တာကို မြန်မာဝတ်စုံ ဝတ်နေကျ မဟုတ်တဲ့ ကောင်မလေးတွေ ဓာတ်ပုံရိုက်တဲ့အချိန် ကြုံရလေ့ရှိပါတယ်​။ မြန်မာ ဝတ်စုံ ဝတ်နေကျ ကောင်မလေးတွေတောင် ခန္ဓာကိုယ်ကို ဘယ်လိုထားရမလဲ စဉ်းစားမရ ဖြစ်တတ်ပါတယ်။

သင်က ဒီလို ဖြစ်နေတယ်ဆိုရင်တော့ အောက်ဖော်ပြပါ မြန်မာမိန်းကလေးတွေရဲ့ ဓာတ်ပုံလှလှလေးတွေကနေတဆင့် နမူနာယူနိုင်ပါတယ်။

ထိုင်ပြီး ဘေးဘက်ငေးနေတဲ့ပုံစံ

ဒီပုံစံမှာ လက်အနေအထားကလည်း အရေးပါပါတယ်။

ကင်မရာ မကြည့်ချင်တဲ့ ကောင်မလေးတွေအတွက် နန်းသူဇာရဲ့ ပို့စ်ပေးနည်း

ဆံပင်ကို ကိုင်ပြီး တခြားဘက် ငေးနေတာက ခန္ဓာကိုယ် ကောက်ကြောင်းပေါ်စေပါတယ်။

ခန္ဓာကိုယ်ဘေးတစောင်းထားတာက ပိုပိန်တယ် ထင်ရစေပါတယ်။

နေရောင်ခြည်အောက် မျက်လုံးလေး မှိတ်ထားတဲ့ ကဗျာဆန်ဆန် ပို့စ်

တစ်ဘက်က အိတ်ကလေးကိုင်ပြီး တစ်ဘက်က ဆံပင်ကို ကိုင်ထားမယ်။

နောက်ဘက် တန်းကို ကိုင်ပြီး ချစ်စရာကောင်းတဲ့ ပို့စ်

မြန်မာဝတ်စုံနဲ့ ချစ်စရာကောင်းတဲ့ Cute Pose

ရှက်ပြီး ဆံပင်သပ်နေတဲ့ ပုံစံလေး

ထိုင်စရာ နေရာရှိရင် ဒီပို့စ်က ကြည့်လို့ လှပါတယ်။

လက်ကို ပိုသွယ်စေမယ့် ပို့စ်အိုင်ဒီယာ

လက်တစ်ချောင်းထိပ်ကို အသာလေး ကိုင်ထားတဲ့ ပို့စ်

လက်နောက်ပစ်ပြီး အပြစ်ကင်းတဲ့ ပို့စ်ပုံစံ

ဆံပင်ရှည်ကို ကိုင်ပြီး တခြားဘက် ကြည့်နေတာကလည်း ချစ်ဖို့ကောင်းတဲ့ စတိုင်ပါ။

Credit to Original Uploaders

Photo Source is from Pinterest

By MyStyle Myanmar