ပန်းဆိုတာ မိန်းကလေးတိုင်း နှစ်သက်သဘောကျကြတဲ့ အရာတစ်ခုပါ။ ကိုယ်တိုင်လည်း ပန်းတွေကို ချစ်တယ်။ Instagram မှာလည်း  ပန်းလေးတွေနဲ့အတူရို်က်တဲ့ ပုံလေးတွေ တင်ချင်တယ်ဆိုရင်တော့ အောက်က ပုံစံလေးတွေလို ပေါ့ပေါ့ပါးပါးနဲ့ ရိုက်ကြည့်လို့ရပါတယ်။

မျက်လုံးကို ပန်းလေးနဲ့ကာလိုက်ပါ

ဘယ်လို ကိုယ်ဟန်ထားရမလဲ ရုတ်တရက်စဥ်းစားမရဖြစ်နေရင် ပန်းပွင့်တစ်ပွင့်ယူပြီး ပုံထဲကလို မျက်လုံးတစ်ဘက်ကို ပန်းလေးနဲ့ကာလိုက်ပါ။ ပန်းပွင့်ကြီးဖို့တော့ လိုပါမယ်နော်။

လှဲချပြီး ဆံပင်ပေါ် ပန်းတွေဖြန့်လိုက်ပါ

ရောက်နေတဲ့နေရာက မြက်ခင်းပေါ်မှာဆိုရင်တော့ အရမ်းကြီး စဥ်းစားမနေပါနဲ့။ မြက်ခင်းပေါ်လှဲချပြီး ဆံပင်ကို ဖြန့်လိုက်ပါ။ ပြီးရင် သူငယ်ချင်း ဒါမှမဟုတ် ဓာတ်ပုံဆရာကို ပန်းလေးတွေ ဆံပင်ပေါ်ထားပေးဖို့ ပြောလိုက်ပါ။

ပန်းတွေကို ပခုံးပေါ်မှာထားလိုက်ပါ

နေကြာပန်း ဒါမှမဟုတ် ရောင်စုံပန်းတွေနဲ့ရိုက်မယ်ဆိုရင်တော့ ပန်းတွေကို အရင်ဆုံးစုစည်းလိုက်ပါ။ ရိုက်တဲ့အခါ ပန်းလေးတွေပေါ်အောင်လို့ ပခုံးပေါ်တင်တဲ့ပုံစံလေး ရိုက်ကြည့်ပါ။

ပန်းတွေကို ကင်မရာနဲ့ နီးနီးကပ်ကပ်ထားပါ

မင်္ဂလာဆောင်တွေမှာ သတို့သမီးရဲ့လက်ကိုင်ပန်းလေးနဲ့  ရိုက်မယ်ဆို ဒီပုံစံက ပန်းစည်းကို ပြဖို့အတွက် အရမ်းကောင်းတဲ့ ဟန်ပါပဲ။ ပန်းလေးကို Focus ထားပြီး Portrait နဲ့ ရိုက်ကြည့်လိုက်ပါ။

ပန်းနံ့ရချင်ယောင်ဆောင်လိုက်ပါ

ပန်း သို့မဟုတ် ပန်းစည်းလေးကို ကိုင်ပြီး သင့်နှာခေါင်းနားထားလိုက်ပါ။ ပန်းအနံ့လေးနဲ့ပျော်ရွှင်နေတဲ့ ပုံစံလေးကလည်း တစ်မျိုးလေးလှနေမှာပါ။

ပန်းပန်လိုက်ပါ

ပန်းတွေနဲ့ တွဲဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ ပန်းပန်ပြီးရိုက်တာပါ။ ဓာတ်ပုံရိုက်ရင် ပန်းလေးကို ပန်ပြီးရိုက်တဲ့ပုံစံက ဘယ်တော့မှမရိုးတဲ့ ပုံစံလေးပါ။