ပန်းလေးတွေနဲ့ဓာတ်ပုံရိုက်ရတာ၊ ပန်းလေးတွေကြားမှာ ရိုက်ရတာက အရမ်းလှပါတယ်။ ဒါကြောင့် ပန်းလေးတွေမြင်တာနဲ့ ဓာတ်ပုံရိုက်ဖို့ မမေ့နဲ့နော်။ ရိုက်ရင်လည်း သူများထက်ပိုလှအောင်ရိုက်ပါ။ ဘယ်လိုရိုက်ရမလဲ ဘယ်လိုပို့စ်လေးတွေ ဘယ်လိုပုံစံမျိုးလေးတွေ ရိုက်ရမလဲမသိရင်တော့ ဒီပုံလေးတွေကို ကြည့်ထားလိုက်နော်။

နှင်းဆီပန်းအနီရဲရဲလေးတွေက ဓာတ်ပုံရိုက်ရင် အရမ်းလှပါတယ်။ နှင်းဆီပန်းအနီနဲ့ရိုက်မယ်ဆိုရင်တော့ ဖက်ရှင်ကိုလည်း ကြက်သွေးရောင်လေးဝတ်ရိုက်တာက ပိုလှပါတယ်။

စက္ကူပန်းလေးတွေနဲ့ရိုက်မယ်ဆို ဒီလိုပို့စ်လေးပေးပြီး ရိုက်ကြည့်ပါ။

နေကြာပန်းခင်းလေးနဲ့ရိုက်မယ်ဆိုရင် ဒီလိုနောက်ကျောပေးထားတဲ့ပုံလေး ရိုက်ဖို့မမေ့ပါနဲ့။

ပန်းရုံလေးတွေကြားမှာ ဒီလိုလေးပို့စ်ပေးပြီးလည်း ရိုက်ကြည့်ပါ။ ပန်းအရောင်လေးနဲ့ အဝတ်အစားအရောင်က တူနေရင် ပိုလှပါတယ်။

ဒီလိုကင်မရာလေးတွေကိုင်ပြီး ပန်းလေးတွေရှေ့မှာ ပို့စ်ပေးရိုက်တာလည်း သူများထက်ပိုလှတယ်နော်။

သူများတွေနောက်ကျောပေးရိုက်နေချိန်မှာ ပန်းလေးတွေကြားမှာ ဘေးတစောင်းလေးနေပြီး ရိုက်ကြည့်နော်။

စက္ကူပန်းလေးတွေရှေ့မှာ ချစ်စရာကောင်းအောင် ဒီလိုလေးလည်း ပို့စ်ပေးရိုက်လို့ရပါသေးတယ်။

ပန်းပွင့်နေတဲ့အပင်နဲ့ရိုက်မယ်ဆိုရင်တော့ ဒီလိုလေးရိုက်လို့ရတယ်နော်။

ပန်းလေးတွေကြားမှာ Snap ပုံမျိုးလေးရအောင် ရိုက်ကြည့်ပါ။

ဘယ်သူ့မှရိုက်ပေးမယ့်သူမရှိလည်း မပူပါနဲ့။ ပန်းလေးတွေရှေ့မှာ ဒီလိုပို့စ်လေးပေးပြီး ကိုယ့်ဖာသာကိုယ် Selfie ဆွဲလို့ရပါတယ်။

Photo Source: www.pinterest.com