သင်က ကိုးရီးယား၊ တရုတ်က မင်းသမီး၊ Idol တွေလို မွေးနေ့မှာ အထာကျကျ ပို့စ်ပေးချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာကို ဆက်ဖတ်သင့်ပါတယ်။ Idol တွေ၊ အနုပညာရှင်တွေက သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့အတူ မွေးနေ့ရောက်တဲ့အချိန် မွေးနေ့ကိတ်နဲ့အတူ သိပ်ပို့စ်ပေးစရာမလိုဘဲနဲ့ကို ချစ်စရာ ကောင်းသွားတတ်ပါတယ်။ သင်က သင်သဘောကျတဲ့ Idol, အနုပညာရှင်တွေရဲ့ Birthday Pose လို အတူတူ ပို့စ်လိုက်ပေးနိုင်ပါတယ်။ ဒီတော့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ WJSN အဖွဲ့ဝင် Idol တစ်ယောက်ဖြစ်သလို လက်ရှိမှာ တရုတ်မှာပဲ မင်းသမီး၊ အဆိုတော် ဆက်လုပ်နေတဲ့ Cheng Xiao က သူမရဲ့ ၂၅ နှစ်ပြည့် မွေးနေ့မှာ ဒီလိုလေး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

၂။ Jennie Kim က သူမရဲ့ အသက် ၂၃ နှစ်ပြည့် မွေးနေ့တုန်းက ဒီလိုလေး သဘာဝကျကျ ပို့စ်ပေးခဲ့ပါတယ်။

၃။ Gfriend အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသလို လက်ရှိမှာ Viviz အဖွဲ့ဝင်အနေနဲ့ အနုပညာ အလုပ်တွေ လုပ်နေတဲ့ Eunha ရဲ့ Birthday Cake နဲ့ ပို့စ်လေးက ချစ်ဖို့ကောင်းပါတယ်။

၄။ Aespa အဖွဲ့ဝင် Winter လေးက ချစ်ဖို့ကောင်းလွန်းတဲ့ ကိတ်လေးကို ကြည့်ရင်းနဲ့ မစားရက်နိုင် ဖြစ်နေတဲ့ ပုံစံလေးက ချစ်ဖို့ကောင်းပါတယ်။

၅။ သင်က ကျက်သရေရှိတဲ့ ပို့စ်လေး လိုချင်ရင် Joy လို တည်တည်ငြိမ်ငြိမ် ကိတ်မုန့်နဲ့အတူ ပို့စ်ပေးနိုင်ပါတယ်။

၆။ ကိတ်မုန့်နားကပ်ပြီး ပါးလေးထောက်ကာ ချစ်စဖွယ် ပို့စ်ပေးနေတဲ့ Rosé လို သင်ပါ လုပ်ကြည့်နိုင်ပါတယ်။

၇။ Birthday စာလေး ပါရင် (G)I-DLE အဖွဲ့ဝင် Minnie လို ပို့စ်ပေးနိုင်ပါတယ်။

၈။ Twice အဖွဲ့ဝင် Nayeon လို ကိတ်မုန့်ကို နမ်းနေတဲ့ ပုံစံလေး ပို့စ်ပေးနိုင်ပါတယ်။

၉။ သင်က သူငယ်ချင်းတွေနဲ့ ဝန်းရံထားတယ်ဆိုရင် Itzy အဖွဲ့ဝင် Yuna လို ရယ်နေတဲ့ပုံစံလေး ပို့စ်ပေးနိုင်ပါတယ်။

၁၀။ တရုတ်မင်းသမီးလေး Zhao Lusi လို Cake နဲ့အတူ Cupcake လေး ကိုင်နေတဲ့ ပုံစံလေးက ချစ်ဖို့ကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar