ယနေ့ခေတ်မှာ ဓာတ်ပုံတစ်ပုံက စကားအများကြီးပြောနိုင်ပါတယ်။ Like နည်းတာ၊ များတာက စလို့ပေါ့။ ပိန်တဲ့သူပဲဖြစ်ဖြစ်၊ ဝတဲ့သူပဲဖြစ်ဖြစ် ဓာတ်ပုံထဲမှာအရပ်မြင့်နေလေ ပိုကြိုက်လေပါပဲ။ အဖွဲ့လိုက်ရိုက်တဲ့ဓာတ်ပုံမှာပဲဖြစ်ဖြစ်၊ Solo ဓာတ်ပုံတွေထဲမှာပဲဖြစ်ဖြစ် အရပ်မြင့်သယောင်ထင်နေရစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ လက်ကိုခေါင်းအပေါ်မှာထားပါ

ဒါကဘာများပြောင်းလဲသွားမှာလဲလို့ ထင်စရာရှိပေမဲ့ ဦးထုပ်ပေါ်မှာပဲဖြစ်ဖြစ်၊ ဒီတိုင်းခေါင်းပေါ်မှာပဲဖြစ်ဖြစ် လက်ကိုအပေါ်တင်လိုက်တဲ့အခါမျိုးမှာ ကိုယ့်ဦးခေါင်းပေါ် ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုရောက်သွားတဲ့အတွက် အရပ်ပိုရှည်တယ်လို့ ထင်ရစေခြင်းပဲဖြစ်ပါတယ်။

၂။ ခြေဖျားထောက်ရပ်ပါ

နောက်နေတာမဟုတ်ပါဘူး။ အတည်ပြောတာပါ။ ခြေဖျားထောက်ရပ်နေတာကို သိသိသာသာကြီးမဟုတ်ဘဲ တမင်သက်သက် Pose ပေးရပ်သလိုရပ်ပါ။ တစ်ဝက်ဖြစ်ရိုက်လို့ရသလို တစ်ပုံအပြည့်လည်း ရိုက်လို့ရပါတယ်။

၃။ ပခုံးကို အနောက်လွှဲရိုက်ပါ

အမြဲတမ်းမတ်မတ်ကြီးရပ်ပြီး ကင်မရာပဲ တည့်တည့်ကြည့်ရိုက်မနေပါနဲ့။ ပုံမှာပြထားတဲ့အတိုင်း မေးစေ့ကိုမော့၊ ခေါင်းကလေးကိုမော့ပြီး ပခုံးနောက်လွှဲရိုက်ကြည့်ပါ။ မခက်ပါဘူး။ လွယ်ပါတယ်။

၄။ ခြေလိမ်ရပ်ပါ

ဒီတိုင်းကြီး မတ်မတ်ရပ်နေတာထက် ခြေချောင်းတစ်ခုပေါ်တစ်ခုထပ်ကာ လိမ်ပြီးရပ်ရင် ပိုပိန်တယ်၊ ပိုရှည်တယ်လို့ထင်ရပြီး ဆလင်ဒါပုံပိုပေါက်ပါတယ်။

၅။ အောက်ကပင့်ရိုက်ပါ

ကင်မရာကို အရှေ့တည့်တည့်ကနေရိုက်တာ၊ အပေါ်ကနေရိုက်တာ၊ ဘေးကနေရိုက်တာတွေထက် အောက်ကနေပင့်ရိုက်တာကပိုပြီး အရပ်ရှည်စေပါတယ်။

Photo Source: Pinterest