သင့်အနေနဲ့ ကင်မရာရှေ့ ရောက်တာနဲ့ အူကြောင်ကြောင်ကြီး ဖြစ်တတ်တယ်ဆိုရင်တော့ ဒီအကြောင်းအရာကို ဆက်လက် ဖတ်ရှုသင့်ပါတယ်။ ကိုယ့်ကိုကိုယ် မှန်ရှေ့ သိပ်လှတယ် သိပ်ကြည့်ကောင်းတယ်လို့ ယုံကြည်ထားပေမယ့် ဓာတ်ပုံရှေ့ရောက်တဲ့အချိန် တလွဲ ထွက်နေတတ်ပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုး နောက်တစ်ခေါက် မဖြစ်ရလေအောင် ဘယ်လိုပို့စ် ပေးရမလဲ သိထားသင့်ပါတယ်။
ခြေထောက်ကို ဘယ်နား ထားရမှန်းမသိ၊ လက်ကို ဘယ်နား ထားရမှန်းမသိ၊ မျက်နှာကို ဘယ်ဘက် စောင်းရမယ် မသိရင်တော့ ဒီလိုဖြစ်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီတော့ အလှဓာတ်ပုံရိုက်ချင်သူ ပျိုမေတို့အတွက် ဘယ်လိုပို့စ်ပေးရမလဲ ကြည့်လိုက်ရအောင်နော်-
နောက်ပြန်လှည့်ကြည့်တဲ့ပုံစံ
ဒီအတွက် အဓိက အရေးကြီးတာက ကိုယ့်မျက်နှာက ဘယ်ဘက်ခြမ်း ပိုလှလဲ သိထားရပါမယ်။ ဒီလိုမှ နောက်ပြန်လှည့်တဲ့အချိန် ပိုလှတဲ့ဘက်ကို လှည့်နိုင်မှာပါ။
ဘေးတစ်စောင်းပို့စ်
ဘေးဘက်စောင်းပြီး စောင်းတဲ့ဘက် ကြည့်နေတဲ့ပုံစံက သင့်ကို ကဗျာဆန်စေပါတယ်။ နှာတံစင်းတဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။
ပေါင်ပေါ် လက်တင်ထားတာ
တစ်နေရာရာ ထိုင်လျက်နဲ့ ပေါင်ပေါ် လက်တင်ထားတာကလည်း သင့်ကို အထာကျစေပါတယ်။
ဆံပင်ကို ကိုင်ပြီး ကစားတာ
လက်ကို အငြိမ်မနေဘဲ ဆံပင်စည်းတဲ့ပုံစံ ဖြစ်ဖြစ် ပို့စ်ပေးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar