ပုံလှလှလေးတွေကို ဘယ်သူမဆို လိုချင်ကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ ပါပဲ။ ဓာတ်ပုံရိုက် ဝါသနာပါတဲ့ ပျိုမေတို့ရဲ့ ဖုန်း Gallery ထဲ နေရာယူထားတာက သူတို့ရဲ့ အလှပုံတွေပါပဲ။ ပို့စ်ဆင်တူတွေ ပုံ ၁၀၀ နီးပါး ရှိနေတတ်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အချိန် မလှမချင်း စိတ်ကြိုက်ရိုက်ခိုင်းတတ်တာလည်း မိန်းကလေးတွေပါပဲ။ Facebook မှာ ကိုယ့်ကိုချစ်စရာလေးဆိုတဲ့ Comment များစွာနဲ့ Follower တိုးလာဖို့ ပို့စ်ထုတ်တတ်ဖို့လိုပါတယ်။ ပို့စ်ပေးတတ်ဖို့ လေ့လာပြီးလေ့ကျင့်ပေးမယ်ဆိုရင် ဓာတ်ပုံရိုက်တာက မခက်ပါဘူး။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

Mirror Selfie

Shopping Centre Restroom တွေမှာရှိတဲ့ မှန်တွေနဲ့ ကိုယ်လုံးပေါ် မှန်အကြည် တွေ့တိုင်း Selfie ဆွဲနိုင်ပါတယ်။ Mirror Selfie က မျက်နှာကို သိပ်မပြချင်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။

နေရောင်ခြည်အကူအညီနဲ့

ဓာတ်ပုံလှလှလေးတွေ ရဖို့ အဓိက အရေးကြီးတာက အလင်းရောင်ကောင်းကောင်းရဖို့ပါ။ နေရောင်ခြည်အကူအညီနဲ့ Effect ထည့်နိုင်ပါတယ်။

ဒူးကွေးပြီး ထိုင်တာ

လက်ကို အလယ် ဒူးဝိုက်တဲ့ နေရာထဲ ထည့်ပြီး ပို့စ်ပေးတာက မတ်တပ်မရပ်ချင်တဲ့ မိန်းကလေးတွေနဲ့ အဆင်ပြေပါတယ်။

နောက်ခံ Background ကို ဦးစားပေးတာ

သင့်ရဲ့ ဖက်ရှင်နဲ့ နောက်ခံ Background အမိုက်စားတွေကို အသားပေးပြီး ရိုက်တာက Professional ဆန်ဆန် ဓာတ်ပုံတွေ ရစေပါတယ်။

ဖုန်းကြည့်နေတဲ့ပုံစံ

သင်က ပို့စ်မပေးတတ်သူဆိုရင် ဖုန်းကိုကြည့်နေတဲ့ ပုံစံမျိုးက သင်နဲ့အဆင်ပြေမှာပါ။ Background လှလှလေးနဲ့ကိုယ်က ဖုန်းကို စိတ်ဝင်တစား ကြည့်နေတဲ့ ပုံစံဖြစ်ဖို့တော့ လိုပါတယ်။

ဆံပင်စည်းနေတဲ့ပုံစံ

သင့်ရဲ့ မိန်းကလေးဆန်တဲ့ Side ကို ချပြချင်ရင်တော့ ဆံပင်ကိုင်ပြီး စည်းနေတဲ့ ပို့စ်က အဆင်ပြေပါတယ်။ သင်ကခါးသွယ်တယ်ဆိုရင် Crop လေးနဲ့ ခါးအလှကို ပြလို့ရသလို ကိုယ်တစ်ပိုင်း ပုံကလည်း ကြည့်ကောင်းနေမှာပါ။

​မတ်တပ်ရပ်ပို့စ်

တစ်ကိုယ်လုံးပုံ ရိုက်တဲ့ အချိန် ခြေထောက်ကို တစ်တန်းတည်း ထားတာမျိုး မဟုတ်ဘဲ ဘယ်ရှေ့ ညာခြေနောက် ဒါမှမဟုတ် ပြောင်းပြန် ရှေ့နောက် ရပ်သင့်ပါတယ်။ ခြေထောက်ကို တစ်ဖက်မြှောက်ပြီး ကားလိုက်တာကလည်း သင့်ပုံစံကို လွတ်လပ်ပေါ့ပါးစေပါတယ်။

ဘေးတစ်စောင်းလှည့်ကြည့်တဲ့ ပို့စ်

သင့်ရဲ့ ပိုလှတဲ့ မျက်နှာဘက်ကို အသားပေးပြီး ဘေးဘက်ကို ပြန်ကြည့်လိုက်တာမျိုးလေးက သင့်ကို သဘာဝကျကျလှစေပါတယ်။

လွတ်လွတ်လပ်လပ်နေပါ

သင်က ဓာတ်ပုံရိုက်တဲ့အချိန် ခန္ဓာကိုယ်ကို တောင့်ထားတာ ဒါမှမဟုတ် မျက်နှာကို တင်းထားမယ်ဆိုရင် ဓာတ်ပုံကအသက်ဝင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အချိန် ဘယ်လိုနေရမယ်လို့ ကိုယ့်ကိုကိုယ် ဖိအားပေးမယ့်အစား ပေါ့ပေါ့ပါးပါး ပို့စ်ပေးတာက သင့်ကို ပိုလှစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar