ဓာတ်ပုံရိုက်မယ်လို့ပြောလိုက်ပြီဆိုရင် ဘယ်လိုပုံစံနဲ့ရိုက်မယ်ဆိုတာက ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ တချို့ကောင်မလေးတွေကျတော့လည်း ဘယ်လိုအချိန် ဘယ်လိုနေရာဖြစ်ဖြစ် သဘာဝကျကျ အိုက်တင်တွေ၊ ပို့စ်တွေပေးတတ်ပေမယ့်လည်း တချို့ကောင်မလေးတွေအတွက်ကျတော့ ပို့စ်ပေးဖို့မဆိုထားနဲ့ လက်ထားဖို့တောင် ဘယ်နားထားရမှန်းမသိဖြစ်နေတတ်ပါတယ်။

အိမ်နေရင်းပုံစံလေးရိုက်မလား၊ ပန်းခြုံလေးတွေနဲ့ရိုက်မလား၊ ရှုခင်းလှလှလေးမှာရိုက်မလား ဒါမှမဟုတ် ကိုယ့်အိမ်ကချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေနဲ့ ရိုက်မလား စသဖြင့် ကိုယ်ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒီလိုမျိုးလွယ်လွယ်ရွေးလို့ရနေတာဆိုတော့ ကိုယ့်အိမ်မှာရှိတဲ့ စက်ဘီးလေးနဲ့လည်း အလှဆုံးပို့စ်ပေးလို့ရပါသေးတယ်။ ကိုယ့်အိမ်မှာစက်ဘီးမရှိလို့ ဒါမှမဟုတ် စက်ဘီးမစီးတတ်လို့ဆိုပြီးတော့လည်း စိတ်အားငယ်မသွားပါနဲ့။

သူငယ်ချင်းစက်ဘီးဖြစ်ဖြစ် ငှားစီးလို့ရသလို စက်ဘီးမစီးတတ်ဘူးဆိုလည်း စီးစရာမလိုဘဲနဲ့ ပို့စ်ပေးလို့ရမယ့် နည်းလမ်းတွေလည်း ရှိသေးတာမို့ ဒီဆောင်းပါးလေးကို အဆုံးထိတော့ ဖတ်ဖို့လိုပါလိမ့်မယ်နော်။

ကဲ ဒါဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ စက်ဘီးလေးတစ်စီးနဲ့အတူ ပို့စ်လှလှလေးတွေပေးပြီးတော့ ဓာတ်ပုံရိုက်ချင်သူလေးတွေအတွက် သီးသန့်ဖော်ပြပေးချင်ပါတယ်။

Source: Pinterest