[Zawgyi]
[Unicode]
ခွေးချစ်တတ်တဲ့ပရိသတ်တွေက အရမ်းများမယ်လို့ထင်ပါတယ်။ ကိုယ်ချစ်တဲ့ခွေးလေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ သူများထက်ပိုဆန်းအောင်၊ ပိုပြီးချစ်စရာကောင်းနေအောင် ရိုက်လို့ရပါတယ်။ ဒါကြောင့် သင်ချစ်တဲ့ခွေးလေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ချစ်စရာကောင်းနေစေမယ့် ပို့စ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ချစ်တဲ့ကိုယ့်ရဲ့ခွေးလေးတွေနဲ့ဓာတ်ပုံရိုက်ရင် သူတို့လေးတွေကိုချီပြီး အောက်ငုံ့ကာ ပြုံးနေတဲ့ပုံလေးတွေရိုက်ကြည့်ပါ။ ဒီလိုပုံလေးတွေက ကိုယ့်ရဲ့ခွေးလေးကို အရမ်းချစ်မြတ်နိုးတဲ့ပုံ ပေါ်လွင်စေပါတယ်။
ကိုယ့်ခွေးက အရမ်းမကြီးတဲ့ပိစိလေးတွေဆိုရင်တော့ ပေါင်ပေါ်တင်ထားပြီး ခပ်မိုက်မိုက်လေးထိုင်ကာ Mirror Selfie ဆွဲလို့ရပါသေးတယ်။ ဒီလိုပုံလေးကတော့ သိပ်ရိုက်တဲ့သူလည်းမရှိသလို အရမ်းလည်းမိုက်ပါတယ်။
သင့်ရဲ့ခွေးလေးနဲ့အတူ ချစ်စရာကောင်းတဲ့ပုံစံလေးတွေ ဆင်တူလုပ်ရိုက်ကြည့်ပါ။ သူလျှာထုတ်နေတဲ့အချိန်ဆို ကိုယ်လည်းလိုက်ထုတ်ပြီးရိုက်ကြည့်ပါ။ သူဟိုဘက်ကြည့်နေတဲ့အချိန်ဆို ကိုယ်လည်းလိုက်ကြည့်ပြီး ရိုက်ကြည့်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။
ခွေးလေးကိုချီပြီး နောက်ကျောအသားပေးပုံလေးတွေရိုက်ကြည့်ပါ။ သူများထက်လည်းထူးခြားသလို အရမ်းလည်းချစ်စရာကောင်းစေပါတယ်။ ဒီလိုပုံလေးရိုက်မယ်ဆိုရင်တော့ ဆံပင်ချပြီးရိုက်တာက မလှပါဘူး။
ခွေးလေးနဲ့အပြင်သွားတဲ့အခါမှာလည်း ကားပေါ်မှာ ပို့စ်ပေးပြီး ဓာတ်ပုံရိုက်လို့ရပါသေးတယ်။
သင့်ရဲ့ခွေးလေးကို လက်ကနေကိုင်မြှောက်ပြီး ချီထားတဲ့ပုံလေးတွေလည်း ရိုက်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။
သင်အလုပ်လုပ်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကွန်ပြူတာသုံးနေတဲ့အခါ သူတို့လေးတွေကိုလည်း ပေါင်ပေါ်တင်ထားပြီး ဓာတ်ပုံရိုက်ကြည့်ပါ။ အရမ်းချစ်စရာကောင်းပါတယ်။
Photo Source: www.pinterest.com