နာမည်ကြီး Influencer တွေရဲ့ ဓာတ်ပုံထဲက Pose တွေဟာ အမြဲထူးခြားလေ့ရှိပါတယ်။ သူတို့ရဲ့ ပုံတွေကို ကြည့်လိုက်တာနဲ့ ပထမဆုံး မြင်ရမှာက သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိတဲ့ ပုံစံပါ။ ပြီးရင်တော့ ဓာတ်ပုံအရည်အသွေး၊ Influencer တွေရဲ့ ဝတ်ဆင်ပုံ စတိုင် စသဖြင့် အဆင့်ဆင့် မြင်လေ့ရှိမှာပါ။ ဒီတစ်ခေါက်မှာတော့ Influencer တွေလို အထာကျကျ Pose ပေးချင်သူတွေအတွက် Pose ပေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။

Influencer တွေရဲ့ Essential Item တွေထဲမှာ Sunglasses ပါဝင်ပါတယ်။ နောက်လှည့်ကြည့်ပြီး ရယ်နေတဲ့ပုံစံလေးက အထာကျပါတယ်။

Mirror Pose ပုံစံ ခြေချိတ်ပြီး ခပ်မိုက်မိုက် ထိုင်မယ်။

ဆံပင်စည်းတော့မယ့် ပုံစံ ပို့စ်ပေးတာကို Influencer အများစု လုပ်လေ့ရှိပါတယ်။

နောက်မှာ မှီဖို့ တန်းရှိရင် လက်နှစ်ဘက်ကို အပြည့်ကားပြီး တခြားဘက် ကြည့်နေနိုင်ပါတယ်။ ခြေထောက်တစ်ဘက်ကို ကွေးထားလိုက်ရင် ခန္ဓာကိုယ် Shape ပိုပေါ်စေပါတယ်။

ထိုင်စရာ ရှိတယ်ဆိုရင် ခြေချိတ်ကာ သက်တောင့်သက်သာ Chill နေတာက အိုင်ဒီယာကောင်းပါ။

ကိုယ့်ကိုယ်ကိုယ် အရမ်းမိုက်တဲ့ ကောင်မလေးလို့ စိတ်ထဲ ယုံကြည်ထားပြီး မျက်လုံးအကြည့်ကိုပါ ဂရုစိုက်သင့်ပါတယ်။

အတွင်းကျတဲ့ နေရာမျိုးမှာ ဓာတ်ပုံရိုက်ရင် လက်ကို ဒီလိုလေး တစ်ဘက်စီ ထောက်ထားနိုင်ပါတယ်။

​ထိုင်ခုံတစ်ခုံမှာ ထိုင်ပြီး လက်ထောက်ကာ ကင်မရာဆီ​ ကြည့်နေတာက ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စတိုင်ရစေပါတယ်။

အထာကျကျ ဖက်ရှင်ကို ပေါ်စေချင်တဲ့ ကောင်မလေးတွေ နေနိုင်မယ့် ပို့စ်ပေးနည်းပါ။

လမ်းလျှောက်ခါနီး ဘေးဘက် ငေးနေလိုက်တာက ပို့စ်အိုင်ဒီယာ ကောင်းပါပဲ။

Photo Source: Pinterest

By MyStyle Myanmar