အားလုံးပဲ မင်္ဂလာပါ၊ ကင်မရာရှေ့ရောက်သွားတာနဲ့ ခန္ဓာကိုယ်တောင့်တောင့်ကြီးဖြစ်သွားတဲ့သူတွေ ရှိမှာပဲနော်။

သူများတွေလို ဓာတ်ပုံလှလှလေးရိုက်ချင်ပေမယ့် ပို့စ်မပေးတတ်လို့ ဓာတ်ပုံမရိုက်ဖြစ်တော့တဲ့ ပျိုမေလေးတွေအတွက် အလန်းစားပို့စ်ပေးနည်းလေးတွေ ရှိပါတယ်။

အဲ့ဒီ ပို့စ်ပေးနည်းလေးတွေကိုသာ များများလေ့ကျင့်ထားကြည့်လိုက်ပါ၊ စူပါမော်ဒယ်တွေတောင် သင့်ကို လက်မြောက်အရှုံးပေးသွားရလိမ့်မယ်နော်။

ကဲ… အဆင်သင့်ဖြစ်ပြီဆိုရင် လေ့ကျင့်ထားဖို့ ရယ်ဒီပြင်ထားမယ်နော်။

ကင်မရာကို တည့်တည့်မကြည့်ဘဲနဲ့ မျက်နှာကို ဘေးစောင်းပြီး ပြုံးပြုံးလေးနေပါ။

ခုံတန်းရှည်ပေါ်ထိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ခြေထောက်ကို အနောက်မပို့ထားဘဲ ပုံ အမှန်ထဲကအတိုင်း အရှေ့ ထုတ်ထားပေးပါ။ ဒါဆိုရင် အရပ်ပိုရှည်တဲ့ပုံပေါက်သွားမှာပါ။

ခါးထောက်တဲ့ လက်အနေအထားကို သေချာလေ့လာကြည့်ပါ။

ခေါင်းကို အရမ်းမမော့ထားရဘူးနော်။

သူများပုခုံးငှားပြီး ဓာတ်ပုံရိုက်လို့လည်း ရသေးတယ်နော်။

ကင်မရာကို တည့်တည့်ကြည့်ပြီး ကင်မရာနဲ့ နီးတဲ့ ခြေထောက်ကို ဖြောင့်ဖြောင့်ထားမယ်၊ ကျန်တစ်ဖက်ကိုတော့ အရှေ့ထုတ်ထားလိုက်ပါ။

ကင်မရာနဲ့ တည့်တည့်မထိုင်ဘဲ ဘေးလေးနည်းနည်းစောင်းပြီး ထိုင်ပါ။

ခြေထောက်အနေအထားနဲ့ လက်အနေအထားကို ဂရုစိုက်ပါ။

ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး ပို့စ်ပေးတဲ့အခါ

အထာကျကျနဲ့ စတိုင်မိုက်ချင်တယ်ဆိုရင်တော့ အင်္ကျီလက်ခေါက်တင်မယ်၊ အင်္ကျီအရှေ့ ခြမ်းကို ဘောင်းဘီထဲထည့်မယ်၊ အပေါ်ကြယ်သီးတစ်လုံးဖြုတ်လိုက်ပါ (သူ့လိုတော့ ကြယ်သီး ၂ လုံး မဖြုတ်လိုက်နဲ့နော်)။

နံရံကိုမှီပြီး ပို့စ်ပေးတဲ့အခါ

ခြေထောက်ကားကားကြီးနဲ့ ပို့စ်မပေးပဲ၊ မခို့တရို့လေးပြုံးပြီး ခြေထောက်တစ်ဖက် ရှေ့ထုတ်ရင်း ခန္ဓာကိုယ်ကို နောက်လေးနည်းနည်းစောင်းပြီး ပို့စ်ပေးလိုက်ပါ။

Photo Source: Pinterest.com