အားလုံးပဲ မင်္ဂလာပါ၊ ဓာတ်ပုံရိုက်တဲ့အခါ စူပါမော်ဒယ်လေးတွေလို ပုံလှလှလေးထွက်ချင်ပေမယ့် ကင်မရာရှေ့ ရောက်လိုက်တိုင်း ကျောက်ရုပ်ကြီးလို ဖြစ်သွားကြတဲ့သူတွေလည်း ရှိကြမှာပဲနော်။

ဓာတ်ပုံရိုက်ပေးတဲ့သူက ကိုယ့်ဘော်ဒါအရင်းခေါက်ခေါက်ကြီးဆိုရင်တော့ အထပ်ထပ်အခါခါ ပြန်ရိုက်ခိုင်းလို့ရပေမယ့် ကိုယ်နဲ့ သိပ်မခင်တဲ့သူတွေကို ခဏခဏပြန်ရိုက်ခိုင်းရင်တော့ အားနာနေရပြန်တာပေါ့။

ဓာတ်ပုံရိုက်လိုက်တိုင်း အခေါက်ခေါက်အခါခါရိုက်နေရတဲ့ ပြဿနာက ကင်းဝေးအောင် တစ်ခါတည်းရိုက်လိုက်ရုံနဲ့ ပုံကောင်းကောင်းလေးတစ်ပုံရအောင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို မှတ်ထားဖို့တော့လိုမယ်နော်။

ခန္ဓာကိုယ်ကို တခြမ်းစောင်းလိုက်ပြီး ခြေထောက်တစ်ဖက်ရှေ့ ထုတ်ပြီး ခြေဖျားထောက်လိုက်ပါ

ဘေးတစောင်းရိုက်တဲ့အခါ မရှက်မကြောက်ဘဲ ခါးကော့ထားပြီး တင်ပါးကို နောက်ပစ်လိုက်ပါ

မေးစေ့လေးကို မထိတထိကိုင်ပြီး ကျန်လက်တစ်ဖက်ကို ပေါင်ပေါ်တင်ထားပါ

နောက်ကျောအလှကို အသားပေးရိုက်တဲ့အခါ

လက်အနေအထားကို သေချာဂရုစိုက်ပါ

ထိုင်ပြီး ပို့စ်ပေးတဲ့အခါ တည့်တည့်မထိုင်ဘဲ ခြေထောက်စောင်းထားပါ

ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားပြီး ပို့စ်ပေးတဲ့အခါ

ဓာတ်ပုံထဲမှာ အချိုးအစားကျနေအောင်လို့ တင်ပါးပေါ်မှာ လက်တင်ထားပါ

ဓာတ်ပုံ ရိုက်တဲ့အခါမှာ ပြုံးရယ်နေဖို့လည်း လိုသေးတယ်နော်၊ ဒါမှ ဓာတ်ပုံက အသက်ဝင်နေမှာကိုး

နံရံပေါ်မှာ လက်မထောက်ထားရဘူးနော်

ကျောပေးပြီး ရိုက်တဲ့အခါ ခြေထောက်တစ်ချောင်းကို အနောက်ပို့ပြီး ခြေဖျားထောက်လိုက်ပါ

တည့်တည့်ကြီးနဲ့ တောင့်တောင်ကြီးရပ်နေရင် ပုံကကြည့်ကောင်းမှာ မဟုတ်ဘူးနော်

သမံသလင်းပေါ်ထိုင်ပြီး ပို့စ်ပေးတဲ့အခါ

ခုံပေါ်ထိုင်ပြီး ပို့စ်ပေးတဲ့အခါ

လှေခါးထစ်ပေါ်မှာ ထိုင်ပြီး ပို့စ်ပေးတဲ့အခါ

ဝရန်တာမှာ ထွက်ပြီး ဓာတ်ပုံရိုက်တဲ့အခါ

ဝရန်တာကို မှီပြီး ပို့စ်ပေးတဲ့အခါ

Photo Source: Pinterest.com