မော်ဒယ်တွေရဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေကို သင်အားကျဖူးမှာပါ။ ဓာတ်ပုံထဲက သူတို့ရဲ့ မျက်နှာအမူအရာ၊ ပို့စ်ပေးတဲ့ပုံစံက အမြဲ မိုက်ကာ အထာကျနေလေ့ရှိပါတယ်။ သင်ကိုယ်တိုင်လည်း ပို့စ်ပေးနည်းနဲ့ အမူအရာကို သိထားမယ်ဆိုရင် မော်ဒယ်တစ်ယောက်လို ပို့စ်ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒေါင့်ဘက်တွေ၊ ထိုင်ခုံတွေပေါ်နဲ့ နံရံတွေနားမှာ ပို့စ်ပေးချင်တဲ့ ပျိုမေတို့အတွက် ရည်ရွယ်ပြီး ပို့စ်ပေးနည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ နံရံကို မှီပြီး ဘောင်းဘီအိတ်ထဲ လက်ထည့်ထားမယ်

ကင်မရာဘက်ကို မကြည့်ဘဲ ခပ်ချေချေ စတိုင်နဲ့ ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ နံရံဘက် မှီနိုင်ပါတယ်။

၂။ လှေကားလက်ရန်းနား

သင့်ခြေထောက်ကို ပေါ့ပေါ့ပါးပါး တြိဂံပုံစံပေါ်အောင် ရပ်နေပြီး လက်တစ်ဘက်နဲ့ လက်ရန်းကို ကိုင်ပြီး ပို့စ်ပေးနိုင်ပါတယ်။

၃။ ထောင့်ဘက်

နေရာတစ်နေရာရဲ့ထောင့်ဘက်တွေက ဓာတ်ပုံရိုက်ဖို့ နေရာလှလှလေးတွေပါပဲ။ သင့်လက်ကို အမှီတွေပေါ်ထောက်ပြီး ဘောင်းဘီကို ကိုင်ထားနိုင်ပါတယ်။

၄။ နောက်ဘက် ပြန်ကြည့်မယ်

မမြင်ရတဲ့ ဘက်က အမှီကို ကိုင်ထားပြီး ကျန်တစ်ဘက်က ဘောင်းဘီထဲ ထည့်ပြီး နောက်ပြန်ကြည့်တဲ့ ပုံစံက ကြည့်ရမိုက်ပါတယ်။

၅။ လက်ကို အပေါ်တင်ထားမယ်

ပုံထဲကလို ပို့စ်ပေးတတ်မယ်ဆိုရင်တော့ သင်က မော်ဒယ်အနေနဲ့ပါ အလုပ်လုပ်နိုင်ပါပြီ။

၆။ ခြေချိတ်ထားမယ်

နောက်ဘက်ကို မှီထားပြီး ခြေထောက်ချိတ်နေတဲ့ ပုံစံလေးက ကြည့်လိုက်တာနဲ့ အထာကျပါတယ်။

၇။ အပေါ်မော့မယ်

မှီစရာ တစ်ခုခုပေါ်မှီထားပြီးတော့ သင်က ကောင်းကင်ဘက် ကြည့်ပြီး ရယ်နေတာလေးက သဘာဝကျတဲ့ ပို့စ်ပုံစံ ဖြစ်ပါတယ်။

၈။ ခန္ဓာကိုယ်ကို နံရံဘက် မှီမယ်

သင့်တံတောင်ကို နံရံဘက် မှီပြီးနောက် ခြေထောက်တစ်ဘက်ကို မ ထားတဲ့စတိုင်က လုပ်ကြည့်သင့်တဲ့ စတိုင်ပါ။

၉။ ခန္ဓာကိုယ်ကို ဘေးဘက်စောင်းမယ်

ပုံထဲကလို သင့်ခန္ဓာကိုယ်ကို ကွေးလိုက်မယ်ဆိုရင် ကောက်ကြောင်း ပိုလှသွားပါလိမ့်မယ်။

၁၀။ ထိုင်ခုံပေါ်ထိုင်မယ်

သင်က ထိုင်ရင်းနဲ့ ပို့စ်ပေးမယ်ဆိုရင်တော့ ဒီလိုလေး ထိုင်ကြည့်သင့်ပါတယ်။

၁၁။ လက်ရန်းကို လက်တင်မယ်

တစ်ဘက်ကို လက်တင်ပြီး ကျန်တစ်ဘက်က အနွေးထည် ကိုင်ထားတဲ့စတိုင်က ကြည့်ရတာ အဆင်ပြေလှပါတယ်။

Photo Source: Pinterest

By MyStyle Myanmar