သင်က သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန်တိုင်း မပြင်မဆင် သွားလေ့ရှိတယ် ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သင်ရော သင့်သူငယ်ချင်းတွေကော မျက်နှာပုံစံကို စိတ်တိုင်းမကျဘူးဆိုရင် ဓာတ်ပုံရိုက်တဲ့အချိန် မျက်နှာမမြင်ရစေမယ့်အပြင် ပုံလှလှလေးပါ ရနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ သင်တို့ သူငယ်ချင်းတွေရဲ့ စိတ်ကူးနဲ့ အတူ ပို့စ်ပေးပုံ အမူအရာကို သိထားရင် လုံလောက်ပါပြီ။ သင့်နဲ့ သင့်သူငယ်ချင်းတွေရဲ့ ပျော်ရွှင်မှုကို ဓာတ်ပုံကြည့်တဲ့သူပါ မြင်နိုင်ဖို့ လုပ်ပေးနိုင်မယ့် အိုင်ဒီယာကောင်းတွေ ရှိပါတယ်။

ဒီတော့ မိတ်ကပ်မပြင်ထားရင်တောင် ပုံလှလှလေး ထွက်အောင် ဘယ်လိုပို့စ်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

နှစ်ယောက်အတူတူ သောက်တဲ့ အအေးခွက်ကိုပဲ ဓာတ်ပုံရိုက်မယ်။ ဒါဆိုရင် ဖက်ရှင်အဝတ်အစားလည်း လှနေဖို့ မလိုတော့ပါဘူး။

Mirror Selfie, Camera ကိုပဲ ဖုန်းနဲ့ ထပ်ရိုက်တဲ့ ပုံစံတွေနဲ့လည်း မျက်နှာကို ကွယ်ထားနိုင်ပါတယ်။

တစ်ယောက်က Mask တပ်ထားပြီး တစ်ယောက်က လက်နှစ်ချောင်း ထောင်ကာ ပို့စ်ပေးလိုက်ရင်လည်း သိပ်မမြင်ရတော့ပါဘူး။

ပုံဝါးဝါးလေး

အချင်းချင်း ဓာတ်ပုံရိုက်နေတဲ့ပုံစံကို တခြားတယောက်က Snap အနေနဲ့ ပြန်ရိုက်ပေးမယ်

နှစ်ယောက် လမ်းလျှောက်နေတာကို နောက်ကနေ ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာမလှလည်း ဘာမှမဖြစ်တော့ပါဘူး

အအေးခွက်တွေနဲ့ မျက်နှာကို ကာထားမယ်

စားသောက်ဆိုင် တစ်ဆိုင်မှာ အချင်းချင်း ဘေးစောင်းလေး စကားပြောနေတဲ့ပုံစံ

ဓာတ်ပုံရိုက်ပေးတဲ့သူကို သင်က ပြန်ရိုက်ပေးမယ့် ပို့စ်ပုံစံ

ရယ်ပြီး မျက်နှာကို ကွယ်ထားတဲ့ ချစ်စရာပုံစံလေး

နှစ်ယောက်လုံး လမ်းလျှောက်နေတဲ့ပုံစံ

Photo Source: Pinterest

By MyStyle Myanmar