သဘာဝတရားက လူတိုင်းကို နည်းလမ်း အမျိုးမျိုးနဲ့ ထောက်ပံ့ပေးနေတတ်ပါတယ်။ အစိမ်းရောင် သစ်ပင်တွေက ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း ငြိမ်းချမ်းမှုကို ပေးနိုင်ပါတယ်။ သင်က လမ်းမှာတွေ့တဲ့ ကြီးမားတဲ့ အပင်တွေရှေ့မှာ ဓာတ်ပုံရိုက်ကြည့်ဖို့ စဉ်းစားဖူးလား။ ဒီလိုဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။

ကိုယ့်ကို ဓာတ်ပုံရိုက်ပေးတဲ့ သူက စိတ်ကူးကောင်းရင် ကောင်းသလို၊ ရိုက်ရင်ရိုက်တတ်သလို သင်ကလည်း ပို့စ်ပေးကောင်းရင် ကောင်းသလို ဓာတ်ပုံလှလှလေးတွေရအောင် ဖန်တီးနိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

ပန်းပင်ရှေ့မှာ

သင်က အပွင့်အကြီးကြီးတွေ ပွင့်တဲ့ ပန်းပင်နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ လက်တစ်ဘက်က ပန်းကို ကိုင်ကာ ဒါကို သင့်ခေါင်းပေါ်မှာ ထားပြီး ကင်မရာကို ကြည့်နေတဲ့ပုံစံ လုပ်နိုင်ပါတယ်။

တစ်ခုခုကို ရှာဖွေနေတဲ့ပုံစံ

အပင်ကို လက်နဲ့ ကိုင်ကာ တစ်နေရာကို စူးစမ်းရှာဖွေနေတဲ့ ပုံစံလေးကလည်း အိုင်ဒီယာကောင်းပါပဲ။

မင်းသမီးလေးပုံစံ

အပင်ရဲ့ ဘေးဘက်မှာနေကာ ဂါဝန်ကို မ ပြီး မင်းသမီးလေးပုံစံ ပို့စ်ပေးနိုင်ပါတယ်။

အစိမ်းရောင်များတဲ့ ကြားမှာ

သင့်နောက်မှာ အပင်တွေ အများကြီး ရှိမယ်ဆိုရင် ဒီအလယ်မှာ နေကာ တခြားဘက် ကြည့်နေတဲ့ ပုံစံလေး သဘာဝကျကျ ပို့စ် ပေးနိုင်ပါတယ်။

အသည်းလေး ပေးမယ်

မျက်နှာကို ကွယ်ထားကာ အသည်းပုံ ပုံစံလေးက မျက်နှာကို ကွယ်ထားချင်တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေပါမယ်။

ခေါင်းကိုက်နေတဲ့ပုံစံ

ကင်မရာဘက် မကြည့်ဘဲ ခေါင်းကိုက်နေတဲ့ ပုံစံလေး လုပ်တာကလည်း ချစ်စရာလေးပါ။

ကင်မရာ ရှိမှန်း မသိတဲ့ပုံစံ

ကိုယ်လုပ်စရာ ရှိတာလုပ်ရင်း ကိုယ့်ကို ဓာတ်ပုံရိုက်နေမှန်း မသိချင်ယောင်ဆောင်ထားတဲ့ ပို့စ်ပေးနည်းကလည်း အပင်နောက်ခံလေးနဲ့ လှပါတယ်။

အငေးလွန်နေတဲ့ ပို့စ်

ဆံပင်ရှည်ရှည်လေးနဲ့ သဘာဝတရားကို ပြသချင်ရင်တော့ တခြားဘက် အငေးကောင်းနေတဲ့ ပုံစံလေးကလည်း အိုခေပါတယ်။

I’m Confident Lady

လက်တစ်ဘက်က ခါးထောက်ထားကာ ကျန်လက်ကို တစ်နေရာမှာ တင်ထားတာက ကြည့်ရတာ လှတဲ့ ပို့စ်ပေးနည်းပါ။

ဆံပင်ကိုင်တော့မယ့် ပုံစံ

အမှတ်တမဲ့ နေရင်း Snapshot ပုံစံပို့စ်ပေးနည်းကလည်း ပျိုမေတို့ အလုပ် များတဲ့ ပို့စ်ပါ။

အပင် အကြီးကြီးကို နောက်ခံထားမယ်

အပင်ကို နောက်ခံထားပြီး သင်က တစ်နေရာရာမှာ လက်ထောက်ထားကလည်း သဘာဝကျတဲ့ ပို့စ်ပါ။

ထိုင်လျက် ပို့စ်ပေးမယ်

အပင်ကို နောက်ခံထားကာ တခြားဘက် ငေးနေတဲ့ပုံစံကလည်း မတ်တပ်မရပ်ချင်တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar