ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံး နေရာကတော့ သဘာဝ နေအလင်းရောင် ရတဲ့ နေရာပါပဲ။ သင်က အလင်းရောင်ကောင်းကောင်း ရချင်တာကြောင့် နေပူထဲ ထွက်လိုက်မှ အလင်းရောင်ကြောင့် မျက်ခုံးကျုံ့ပြီး ဘယ်လိုမှ မျက်လုံးဖွင့်မရ ဖြစ်ဖူးမှာပါ။ ဒီအခက်အခဲအတွက် ဖြေရှင်းနိုင်တဲ့ ပို့စ်ပေးနည်းတွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ နေပူလည်း “I don’t care” လို့ ပြောပြီး ပို့စ်အလန်းစား ပေးနိုင်ဖို့ ပြုလုပ်နိုင်တဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မျက်လုံးမှိတ်ပြီး ပို့စ်ပေးပါ

ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါးထားကာ မျက်လုံးမှိတ် ခေါင်းမော့ပြီး ပို့စ်ပေးနိုင်ပါတယ်။ ဒီလိုပုံစံက ကိုယ့်ပုံကို ကြည့်တဲ့သူတွေရဲ့ မျက်လုံးထဲ ပေါ့ပါးလွတ်လပ်သွားစေပါတယ်​။

၂။ လက်နဲ့ကွယ်ထားပါ

သင့်မျက်နှာက အပူဒဏ်ကို လုံးဝ မခံစားနိုင်တဲ့ အချိန်မှာ လက်နဲ့ ကာထားနိုင်ပါတယ်။ ဒီလိုကာထားလိုက်တာကြောင့် သင့်လက်ကို ဘယ်မှာထားရမလဲ မသိတဲ့ အခြေအနေကနေလည်း လွတ်မြောက်သွားစေပါတယ်။

၃။ နေကာမျက်မှန်နဲ့ ရှိုးထုတ်ပါ

နေကာမျက်မှန်တွေရဲ့ ရည်ရွယ်ချက်က ရာသီဥတု ပူတဲ့အချိန်မှာ သင့်မျက်လုံးကို ​အပူဒဏ်ကနေ ကာကွယ်ပေးဖို့ပါ။ ဒီကောင်းကွက်ကို ဓာတ်ပုံရိုက်တဲ့အချိန် အသုံးချနိုင်ပါတယ်။ နေကာမျက်မှန်နဲ့ နေပူထဲ ခပ်မိုက်မိုက် ပို့စ်ပေးနိုင်ပါတယ်။

၄။ ချစ်စရာကောင်းတဲ့ ပစ္စည်းတွေနဲ့

နေရောင်ခြည်ကို အကောင်းဆုံး အသုံးချတဲ့ အချိန်ကတော့ သင့်ပစ္စည်းတွေနဲ့ ပို့စ်ပေးတဲ့ အချိန်ပါပဲ။ သင့်ဆီမှာ ရှိတဲ့ ချစ်စရာကောင်းတဲ့ ပစ္စည်းတွေနဲ့ နေရောင်ထဲ ထုတ်ကာ ပို့စ်ပေးနိုင်ပါတယ်။

၅။ အရိပ်နဲ့ ပုံဖော်တာ

ဒီပုံစံကတော့ တီထွင်နိုင်စွမ်း စိတ်ကူးကောင်းမှ အဆင်ပြေမှာပါ။ နေရောင်ကြောင့် ပေါ်လာတဲ့အရာဝတ္ထုတွေရဲ့အရိပ်ကို အခြေခံပြီး ပို့စ်ပေးတဲ့အခါ အသုံးပြုနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar