အခုနောက်ပိုင်း ဆိုင်လှလှလေးတွေ၊ နေရာ လှလှလေးတွေ ပိုများလာပါပြီ။ သင်က ဒီလို နေရာတွေကို ရောက်ပြီးမှ ဓာတ်ပုံ ရိုက်တဲ့အချိန် ဘယ်လိုပို့စ်ပေးရမှန်း မသိဖြစ်ဖူးလား။ ဒါမှမဟုတ် ကင်မရာ ရိုက်ပေးတဲ့ သူကိုပဲ ဘယ်လိုနေရမလဲ၊ အဆင်ပြေရဲ့လား ခဏခဏ မေးနေရလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ တစ်ခါတလေ လှတဲ့နေရာတွေ ရောက်ပါလျက်နဲ့ ဓာတ်ပုံရိုက်ရင် မနေတတ်လို့ မရိုက်လိုက်ရတဲ့ အချိန်တွေလည်း သင့်ဆီမှာ ရှိဖူးမှာပါ။

ဒီတစ်ခေါက်တော့ ဒီလို မဖြစ်ရအောင် နေရာလှလှ၊ ဆိုင်လှလှလေးတွေမှာ ဘယ်လိုလှလှလေး ပို့စ်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

ဆံပင်လေးကိုင်ခါနီး နောက်ဘက် ကြည့်လိုက်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ ပုံစံရစေပါတယ်။

သင့်ခန္ဓာကိုယ်ကို နေရောင် တစ်ပိုင်းတစ်ဝက် ကျနေတယ်ဆိုရင် ကင်မရာကို တိုက်ရိုက်မကြည့်ဘဲ ဘေးဘက်လေး ကြည့်နိုင်ပါတယ်။

ထိုင်စရာနေရာ ရှိတယ်ဆိုရင် ခြေထောက်နှစ်ဘက်ကို တစ်ဘက်အောက် တစ်ဘက်အပေါ် ထားကာ ဘေးစောင်းလေး နေနိုင်ပါတယ်။

ဂါဝန်ဝတ်ထားရင် ဒီလို တည်တည်ငြိမ်ငြိမ်လေး လက်ထောက်ပြီး ပို့စ်ပေးနိုင်ပါတယ်။

ပန်းခင်းလှလှလေးတွေ တွေ့ရင် ဒီထဲက ပန်းလေး တစ်ပွင့်ခူးပြီး သင်ပါ ပန်ကာ ပို့စ်ပေးလိုက်ပါ။ ဒီလိုဆို နောက်ခံ ရှုခင်းနဲ့ တစ်သားတည်း ဖြစ်သွားပါပြီ။

ကင်မရာထဲ စိုက်မကြည့်ချင်ရင် နောက်လှည့်ကာ ဆံပင်အလှကို ပြနိုင်ပါတယ်။ Background သာ လှရင် ပေါ့ပေါ့ပါးပါး အဆင်ပြေသလို ပို့စ်ပေးကြည့်နိုင်ပါတယ်။

ဆွဲဆောင်မှုရှိရှိ နှုတ်ခမ်းလေး လိုချင်ရင် လက်ကို မေးစေ့အောက် ထားကာ ခေါင်းမော့ပြီး ပို့စ်ပေးနိုင်ပါတယ်။

အအေးဘူးလေးကိုင်ကာ ကင်မရာကို စိုက်ကြည့်ပြီး ပူပင်ခြင်းမရှိ ပြုံးပြမယ်။

သင်က ပွင့်ပွင့်လင်းလင်း ရယ်နိုင်တယ်ဆိုရင် ဒီလိုပို့စ်ကလည်း နေရာလှလှလေးတွေနဲ့ လိုက်ဖက်ပါတယ်။

မုန့်ဆိုင်မှာ ဆံပင်လေး ကိုင်ပြီး တစ်ခြားဘက် ကြည့်နေမယ်။

အအေးပိုက်လေး ကိုင်ရင်း တခြားဘက် ကြည့်နေတာက ဆွဲဆောင်မှုရှိပါတယ်။

သင့်အတွက် ထိုင်စရာ နေရာရှိရင် ဒီလိုမျိုးလည်း လွတ်လွတ်လပ်လပ် ထိုင်နိုင်ပါတယ်။

လက်နှစ်ဖက်လုံးကို ဘောင်းဘီကိုင်ထားကာ ခန္ဓာကိုယ်ကို ဆောင်းလိုက်တာက ပို့စ်အိုင်ဒီယာကောင်းပါ။

Photo Source: Pinterest

By MyStyle Myanmar