တစ်ခါတလေ သင်က ဓာတ်ပုံလှလှလေး ရိုက်ချင်ပေမယ့် အင်္ကျီအဆင်မပြေတဲ့အခါ ရိုက်ချင်စိတ်မရှိတာ ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ Bad Outfits Day ဆိုတာ ရှိစမြဲပါ။ ကိုယ်ဝတ်တဲ့ အဝတ်အစား မလှပါစေ ဓာတ်ပုံရိုက်တဲ့အချိန် အရေးအကြီးဆုံးက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းပါ။ သင်က အဝတ်အစား အဆင်မပြေရင်တောင် ဓာတ်ပုံလှလှလေး ရိုက်နိုင်ရမယ်လို့ ဆုံးဖြတ်ချက် ချထားရင် ရအောင် လုပ်နိုင်မှာပါ။ ဒီတော့ အဝတ်အစား အဆင်မပြေတဲ့အချိန်မှာတောင် ဓာတ်ပုံထဲ လှနေစေမယ့် ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

Phone Effect ထည့်ပါ

Phone ထဲက Photo Editing Application တွေက ဓာတ်ပုံ အလှဆုံးရဖို့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ထားတာပါ။ သင်က သူတို့ပေးထားတဲ့ Effect တွေကို အင်္ကျီအဆင်မပြေတဲ့ နေ့တွေမှာ ကောင်းကောင်းကြီး အသုံးချနိုင်ပါတယ်။

အလင်းရောင်ကို ဦးစားပေးပါ

အလင်းရောင် ကောင်းကောင်းရတဲ့ နေရာတွေက ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတွေပါပဲ။ မှောင်နေတဲ့ နေရာမှာ ရိုက်တဲ့ ဓာတ်ပုံတစ်ပုံက ဘယ်လောက်ပဲ လှနေပါစေ သိပ်မပေါ်ပါဘူး။ ဒီတော့ အလင်းရောင်များများ ရဖို့ ဦးစားပေးသင့်ပါတယ်။

နောက်ခံ Background

တစ်ခုမလှရင် နောက်တစ်ခု လှနေဖို့ လိုပါတယ်။ သင်က အဝတ်အစား အဆင်မပြေရင်တောင် နောက်မှာ ထားတဲ့ Background က လှနေဖို့လိုပါတယ်။ မြက်ခင်းစိမ်းတွေ၊ အရောင်စုံတဲ့ နောက်ခံတွေက အသင့်တော်ဆုံးပါပဲ။

မိတ်ကပ်

သင်က မျက်နှာကို ဦးစားပေးပြီး ပို့စ်ပေးချင်သူဆိုရင် အင်္ကျီမလှလည်း အရေးမကြီးပါဘူး။ ဒါပေမဲ့ သင့် Makeup Look ကို အလှဆုံးဖြစ်အောင် ပြင်ထားရပါမယ်။

အဝတ်အစားကို ဆံပင်နဲ့ဖုံးပါ

ဆံပင်ရှည်တဲ့ မိန်းကလေးတွေအတွက် အလွယ်ဆုံးနည်းကတော့ သင်မကြိုက်တဲ့ အင်္ကျီကို သင့်ဆံပင်နဲ့ ကာလိုက်တာပါ။

နောက်ဘက်လှည့်ပါ

ရှေ့ဘက် ကြည့်ရအဆင်မပြေတဲ့ အင်္ကျီပုံစံတွေကို နောက်ဘက်လှည့်ပြီး ပို့စ်ပေးတဲ့ ပုံစံက ကယ်တင်ပေးနိုင်ပါတယ်။

တစ်နေရာရာမှာ ထိုင်ပါ

အင်္ကျီအောက်ဘက်ကို မကြိုက်တဲ့သူတွေအနေနဲ့ ခုံတစ်ခုံမှာ ထိုင်ပြီး ပို့စ်ပေးသင့်ပါတယ်။ ခုံက သင့်အောက်ဘက်ကို ကွယ်လိုက်ပြီး ဓာတ်ပုံလှလှလေး ရစေမှာပါ။

Mood အရေးကြီးပါတယ်

ပျော်နေတဲ့ပုံစံ လိုချင်ရင် တကယ်ပျော်တဲ့ Mood ကို လိုအပ်ပါတယ်။ သင့်စိတ်ကို ဓာတ်ပုံရိုက်တာမှာပဲ အာရုံစိုက်လိုက်ရင် အင်္ကျီမလှတာက ပြဿနာ မဟုတ်တော့ပါဘူး။

တိလေးတွေနဲ့

တိလေးတွေက ချစ်ဖို့ကောင်းတာမို့ သူတို့နဲ့ အတူတွဲရိုက်လိုက်တဲ့အခါ သင့်အဝတ်အစား အဆင်မပြေတာက ပျောက်သွားပါလိမ့်မယ်။

အရောင်စပ်မှု

သင့်အဝတ်အစားက ရိုးရိုးကြီး ဖြစ်နေရင်တောင် အရောင်စပ်တတ်ရင် ဓာတ်ပုံက လုံးဝအမိုက်စား ဖြစ်နေမှာပါ။ ဥပမာ အင်္ကျီအပြာနဲ့ နောက်ခံ အပြာတစ်ခုခုကို ပေါင်းရိုက်တာမျိုးပါ။

Photo Source: Pinterest

By MyStyle Myanmar