ကင်မရာရှေ့ရောက်ရင် ကိုယ်နေဟန်ထားသက်တောင့်သက်သာနဲ့ သဘာဝကျကျဖြစ်အောင် နေတတ်ဖို့က နည်းနည်းတော့ခက်ပါတယ်။ ဒါကြောင့် စကတ် ဒါမှမဟုတ် ဂါဝန်ဝတ်ထားတဲ့အချိန် ကင်မရာရှေ့မှာ သဘာဝကျကျနဲ့ အလှဆုံးဖြစ်ချင်တဲ့ ကောင်မလေးတွေအတွက် သတိထားရမယ့်အချက်လေးတွေ ဝေမျှပေးချင်ပါတယ်။

ဂါဝန်အစကို ဒီတိုင်းကိုင်ပြီးရိုက်တာက လူကို ပုံထဲမှာ တောင့်တောင့်ကြီးဖြစ်စေပါတယ်။ အနားစကို ဒီအတိုင်းကိုင်မယ့်အစား လေထဲဝဲနေတဲ့ပုံစံမျိုးဖြစ်အောင် လုပ်ပြီးရိုက်တာက သဘာဝကျကျနဲ့ လှတဲ့ပုံလေး ရမှာပါ။

မတ်တပ်ရပ်ပြီးရိုက်တဲ့အခါ ဒီအတိုင်း တင်ပါးပေါ် လက်တင်ပြီး တောင့်တောင့်ကြီးနေမယ့်အစား ခြေတစ်လှမ်းဆုတ်ပြီး ကိုယ်အလေးချိန်ကို နောက်ခြေထောက်ပေါ်တင်တဲ့ပုံစံ ရိုက်တာက သဘာဝကျကျ မက်တပ်ရပ်တဲ့ပုံစံမျိုး ရပါတယ်။ လက်ကိုလည်း ပေါ့‌ပေါ့ပါးပါးပုံစံမျိုးဖြစ်အောင် လက်ချောင်းလေးတွေကို အောက်စိုက်လိုက်ပါ။

ဂါဝန်လှလှလေးဝတ်ထားတဲ့အချိန်ဆို ခြေထောက်ရှေ့ထုတ်ပြီးရပ်တာထက် ခြေထောက်နှစ်ဘက်ကို လိမ်ထားတဲ့အနေအထားက ခန္ဓာကိုယ်ကို သွယ်ပြီး ကျော့ရှင်းစေတဲ့အပြင် ပိုပြီးတော့လည်း သဘာဝကျစေပါတယ်။ ခါးပေါ်လက်ထောက်ရင် ဒီအတိုင်းမထောက်ဘဲ သတိထားပြီး လက်ချောင်းတွေကို အောက်စိုက်ပြီး ထောက်ပေးပါ။