သင်က ဓာတ်ပုံရိုက်လိုက်တဲ့အချိန်တိုင်း ကိုယ့်မျက်နှာ ကိုယ် စိတ်တိုင်း မကျဘူးဆိုရင် ခပ်ဆန်းဆန်းလေး ဖြစ်အောင် ပို့စ်ပေးနည်းတွေ ရှိပါတယ်။ ဓာတ်ပုံရိုက်တဲ့အချိန် ကိုယ့်မျက်နှာ ကြည့်ကောင်းနေမှ လှတာ မဟုတ်ပါဘူး။ အဓိကက ယုံကြည်မှုရှိရှိ ပို့စ်ပေးနိုင်ဖို့ပါပဲ။ ဒီတစ်ခေါက် အကြောင်းအရာကတော့ ဓာတ်ပုံရိုက်လိုက်တိုင်း စိတ်တိုင်းမကျသူတွေအတွက် ရည်ရွယ်ပါတယ်။

အခုပြထားတဲ့ ပို့စ်တွေအတိုင်း ကြိုးစားကြည့်မယ်ဆိုရင်တော့ သင့်ဓာတ်ပုံတွေ ပိုလှလာမှာ မလွဲမသွေပါပဲ။ ဒီတော့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ မျက်နှာကို ကိုယ့်ဖုန်းနဲ့ ဖုံးပြီး ပို့စ်ပေးပါ

၂။ ဘောလုံးကန်ဖို့ ရွယ်နေတဲ့ပုံစံ ( ဘေးစောင်းလေး ခြေထောက်တစ်ဘက် ရှေ့ဘက် ကန်နေတဲ့ပုံစံမျိုးပါ)

၃။ ဘေးဘက်ကြည့်နေတဲ့ပုံစံမျိုး

၄။ ဆံပင်ကိုပဲ ပြမယ်

၅။ ဦးထုပ်နဲ့ ကွယ်ထားမယ်

Photo Source: Pinterest

By MyStyle Myanmar