သင်က သာမန်ထက် ရှက်တတ်တယ်ဆိုရင် သင့်ကိုယ်သင် အပြစ်တင်ဖို့ မလိုသလို အားငယ်စရာလည်း မလိုအပ်ပါဘူး။ ကိုယ် နေတဲ့ အသိုင်းအဝိုင်း၊ ကိုယ့်မိဘ၊ ကိုယ့်ငယ်စဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံစတာတွေပေါ် မူတည်ပြီး အရှက်ကြီးလား၊ ကြောက်တတ်လား ဆိုတာတွေက ကွဲပြားသွားတတ်ပါတယ်။ သင့်အနေနဲ့ ရှက်လွန်းရင်တောင် ကိုယ့် အခွင့်အရေးတွေ လက်မလွှတ်သွားဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းသင့်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ လှတဲ့နေရာတွေမှာ ရှက်လို့ မရိုက်ရဲဘူးဆိုရင် သင့်အတွက် လှတဲ့ ဓာတ်ပုံတစ်ပုံ ဆုံးရှုံးသွားပါပြီ။ ဒီတစ်ခေါက်မှာတော့ အခွင့်အရေးတွေ လက်မလွှတ်သွားစေဖို့ Camera Shy Girl လေးတွေအတွက် ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

မြေကြီးကို ကြည့်ပြီး ပုံမှန် ရှက်ပြုံးလေးအတိုင်း ပြုံးထားမယ်။

သင်က လူကြားထဲ ပို့စ်မပေးချင်ရင် လှေကားတွေက သင့်အတွက် အသုံးဝင်မယ့် အရာပါ။ လှေကားကြောင့် သင်သိပ်ကြိုးစားစရာမလိုပါဘူး။ ခြေထောက်နှစ်ဘက်ကို မတူတဲ့ အဆင့်မှာထားပြီး ကင်မရာကို ကြည့်ရုံပါပဲ။

စားသောက်ဆိုင်မှာ ဓာတ်ပုံရိုက်တယ်ဆိုရင် ကိုယ့်ကို လူတွေ ကြည့်နေမှာ တွေးပြီး ရှက်တာကြောင့် ကင်မရာကို မကြည့်ရဲကြပါဘူး။ ဒါအတွက်တော့ ကိုယ်သောက်နေတဲ့ ခွက်လေးကို ကိုင်ပြီး ဘေးဘက်ကြည့်ပြီး ပြုံးနေရုံပါပဲ။

ပေါင်တစ်ဘက်ပေါ် လက်နှစ်ဘက်လုံး စုတင်ထားပြီး ခေါင်းလေးကို တခြားဘက် လှည့်ပြီး ပြုံးနေရုံပါပဲ။

ကင်မရာဘက် မကြည့်ချင်ရင် စားသောက်ဆိုင်က Menu လေးကို ပြုံးပြီး ငုံ့ကြည့်နေတာက သဘာဝကျတဲ့ ပို့စ်ပေးနည်းပါ။

အောက်ငုံ့ကြည့်ပြီး တစ်ခုခု လုပ်ခါနီးလေး ကင်မရာမန်းကို ဓာတ်ပုံရိုက်ခိုင်းလိုက်ရုံပါပဲ။

သင်က ဂါဝန်ရှည် ဝတ်ထားမယ်ဆိုရင် ပုံထဲကလိုဒူးထောင်ကာ လက်ပိုက်ထားပြီး ပေါင်ပေါ် ခေါင်းလေးတင်ရင်း တခြားဘက် ကြည့်နေနိုင်ပါတယ်။

ကိုယ့်အထာနဲ့ကိုယ် ဖုန်းကြည့်နေတာက ရှက်တတ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ပို့စ်ပါ။

လက်ကလေးနှစ်ဘက်ကို စုထားကာ ဘေးဘက် ပြုံးကြည့်နေတဲ့ စတိုင်လေးက ချစ်ဖို့ကောင်းပါတယ်။

ကိုယ့်ဘာကိုယ် Selfie ဆွဲနေတာကို တခြားသူကို ရိုက်ခိုင်းလိုက်ရင်လည်း ပိုတောင် ချစ်ဖို့ ကောင်းပါဦးမယ်။

ရှက်တတ်တဲ့ ကောင်မလေးတွေအနေနဲ့ သဘာဝ ဆန်ဆန်လေး လှနေအောင် Hair Care ပုံမှန်လုပ်သင့်ပါတယ်။ ဆံပင်လေးချပြီး တခြားဘက် ပြုံးကြည့်နေတာလေးက ကဗျာဆန်တဲ့ ပို့စ်ပါ။

Photo Source: Pinterest

By MyStyle Myanmar