မိန်းကလေးတိုင်းမှာ မလှတဲ့ရက်ဆိုတာ ရှိပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့ ရက်တွေလည်း ရှိပါတယ်။ ဗိုက်အဆီလုံးဝမရှိဘဲ လှနေတဲ့ ရက်ရှိသလို ဗိုက်အဆီနဲ့ ချစ်ဖို့ကောင်းနေတဲ့ရက်တွေလည်း ရှိပါတယ်။ ဗိုက်ပူနေတာက သင့်စတိုင်ကို အနှောင့်အယှက်ပေးတဲ့ အရာတစ်ခုပါ။ ဘာဝတ်ဝတ် ဗိုက်နေရာ ပူထွက်နေတာ၊ ခါးကြီးနေတာ စတာတွေက သင့်ကိုယ်သင် ယုံကြည်မှု လျော့ကျစေတဲ့ အရာတွေပါပဲ။ သင်က ဓာတ်ပုံရိုက်တဲ့အချိန်လည်း ဗိုက်ပူနေရင် မတ်တပ်ရပ်ပြီး ပို့စ်ပေးချင်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဗိုက်နေရာ မမြင်ရအောင် ထိုင်ပြီး ပို့စ်ပေးနိုင်ပါတယ်။ ဘယ်လိုပို့စ်လှလှလေး ပေးနိုင်မလဲ ကြည့်လ်ိုက်ရအောင်နော်-

၁။ ခြေချိတ်ထိုင်တဲ့ပို့စ်

အင်္ကျီပွပွလေး ဝတ်ပြီး ခြေချင်းချိတ်ထိုင်တဲ့ ပို့စ်က သင့်ကို ဓာတ်ပုံထဲ အချိုးကျကျလေးနဲ့ကြည့်ကောင်းစေပါတယ်။

၂။ ထိုင်လျက်နဲ့ အစားအသောက်နဲ့အတူ

သင်နှစ်သက်တဲ့ အစားအသောက်ကို ကြည့်နေပြီး ထိုင်နေတဲ့ပုံစံလေးကလည်း သင့်ဗိုက်နေရာကို လုံးဝမမြင်စေရတော့ပါဘူး။

၃။ ထိုင်ပြီး ဗိုက်နေရာကို ကွယ်ထားတာ

အိတ်နဲ့ ဗိုက်နေရာကို ဖုံးထိုင်တာ၊ ဒါမှမဟုတ် ခြေထောက်နဲ့ ဗိုက်နေရာကို ကွယ်ပေးတာကလည်း အလုပ်ဖြစ်ပါတယ်။

၄။ ရှေ့ဘက် လက်ချပြီး ဒူးကွေးထားတဲ့ ပို့စ်

ခြေထောက်နှစ်ဘက်ကို ဒူးကွေးကာ စေ့ထားပြီး ရှေ့ဘက် လက်တစ်ဘက်နဲ့ ကာလိုက်တာက သင့်ဗိုက်ကို မမြင်စေတော့ပါဘူး။ ပုံထဲက မော်ဒယ်လို ကင်မရာကို မကြည့်တာက သဘာဝပိုကျစေပါတယ်။

၅။ ပုံထဲကလို ဒူးထောက်ပြီး ပစ္စည်းတစ်ခုကို ကိုင်ထားတာ

၆။ ထိုင်နေတဲ့ပုံစံကို တစ်ဝက်ပဲ ရိုက်တာ

သင်က ထိုင်လျက်ပုံစံကို အပေါ်တစ်ပိုင်းပဲ ပါအောင် ပို့စ်ပေးချင်ရင်တော့ ဒီနည်းက အဆင်ပြေမှာပါ။

၇။ ရှေ့ဘက် ဒူးထောင်ပြီး ပို့စ်ပေးတာ

Photo Source: Pinterest

By MyStyle Myanmar