ကင်မရာရှေ့ ဘယ်လိုပြုံးရမှန်းမသိ၊ ကင်မရာကိုတည့်တည့် မကြည့်ရဲတဲ့ ပျိုမေတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အားမရ ဖြစ်စရာ မလိုပါဘူး။ ကင်မရာကို ကြည့်ပြီး ပြုံးမပြလည်း ပို့စ်လှလှလေးတွေ ရနိုင်ပါတယ်။ ပြောရမယ်ဆိုရင် မျက်နှာကို မပြရင်တောင် ပုံလှလှလေး ရနိုင်ပါတယ်။ ကြည့်ကောင်းတဲ့ ရှူခင်း၊ စတိုင်ကျတဲ့ ဝတ်ဆင်ပုံရှိရုံနဲ့ လုံလောက်ပါတယ်။ ဒီတော့ ကင်မရာရှေ့ ရှက်ကြောက်နေရင်တောင် ဘယ်လို သဘာဝကျကျ ပို့စ်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်-

ပေါင်သွယ်သွယ်လေးကို ထုတ်ပြချင်သူ ပျိုမေတို့အတွက် မျက်နှာလေးကို လက်နဲ့ကာပြီး ကိုယ်နေဟန်ထားကို အဓိက ထားမယ်။

နောက်ဘက်လှည့်ပြီး လမ်းလျှောက်နေတဲ့ စတိုင်ကို ဆံပင်ရှည် လှလှလေး ပြချင်တဲ့အချိန် သုံးနိုင်ပါတယ်။

ဆံပင်ကို ကိုင်ပြီး တစ်ဘက်ကြည့်နေတဲ့ ပို့စ်

သင်က ရှူခင်းကို နောက်ခံထားရိုက်မယ်ဆိုရင် မျက်နှာကို လက်ကလေးနဲ့ ကွယ်ကာ ထိုင်နေတဲ့ ပို့စ်က အဆင်ပြေပါတယ်။

နောက်ဘက်ဆီ သွားတော့မယ့် စတိုင်

သင့်ဆီမှာ ဦးထုပ်ရှိမယ်ဆိုရင် နေပူတဲ့ ရက်မှာ အသုံးဝင်သလို မျက်နှာကို ကွယ်ထားဖို့လည်း အသုံးဝင်ပါတယ်။

ကင်မရာကို မကြည့်ရဲတဲ့ ပျိုမေတို့အဖို့ ဘေးဘက်လှည့်ပြီး မျက်နှာကို လုံးဝကွယ်ထားလိုက်တာက အိုင်ဒီယာကောင်းပါ။

ကားပေါ်မှာ ဓာတ်ပုံရိုက်ချင်တဲ့ ပျိုမေတို့အတွက် အိုင်ဒီယာကောင်း

သဘာဝကျကျ နဲ့ လှပြီး ကင်မရာကို ကြည့်စရာ မလိုတဲ့ ပို့စ်

ရှေ့ဘက်ကို လမ်းလျှောက်သလိုလိုနဲ့ မျက်နှာကို လက်နဲ့ ကွယ်ကာ တခြားဘက် ကြည့်နေလိုက်တာက ပြုံးပြနေစရာလည်း မလိုတော့ပါဘူး။

အောက်ဘက် ငုံ့နေတဲ့ ပို့စ်လေးကလည်း ချစ်ဖို့ကောင်းပါတယ်။

ဆံပင်ကို ကိုင်တော့မယ်ဆဲဆဲ Snap လေးက ရှက်တတ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar