ယနေ့ခေတ်ကဲ့သို့ လူမှုကွန်ယက်အထူးရေပန်းစားနေသည့်အချိန်မှာ ကမ္ဘာပေါ်ရှိ လူသားအများစုဟာ ဓာတ်ပုံရိုက်ကူးရတာကို အင်မတန်မှ နှစ်ခြိုက်ကြပါတယ်။ မှန်ထဲတွင်မြင်တွေ့ရသည့် မိမိပုံရိပ်ကို နှစ်သက်သဘောကျနိုင်သော်လည်း ဓာတ်ပုံရိုက်ကူးလိုက်သည့်အခါ ကိုယ်နေဟန်အထား အစီအစဉ်မကျသောကြောင့် ပုံထွက်ဆိုးရွားသွားခြင်းလည်း ဖြစ်ပေါ်နိုင်ပါတယ်။

သည့်အတွက် ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ မိန်းကလေးများသိထားသင့်သည့် ကိုယ်နေဟန်ထားများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လျှာကိုတွင်ကျယ်စွာအသုံးပြုပါ။

ကြားလိုက်သည့်အခါမှာ ထူးခြားသည့်အကြံတစ်ခုဖြစ်နိုင်သော်လည်း ပြုံးနေစဉ်အတွင်း နှုတ်ခမ်း၏အောက်ခြေကိုလျှာဖြင့် ဖိလိုက်ခြင်းသည် မေးနှစ်ထပ်ပုံစံဖြစ်ခြင်းကို ရှောင်ရှားနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

၂။ မျက်နှာကိုတစောင်းချိန်ပေးပါ။

အလင်းအမှောင်အချိန်အဆသည် သင့်မျက်နှာကို လုံးဝန်းအောင်၊ ကျယ်ဝန်းအောင် သို့မဟုတ် အတော်အသင့်အရောင်ပြောင်းသွားစေနိုင်သောကြောင့် ဘေးဖက်နည်းနည်းစောင်းကာ မေးစေ့ကို အထက် သို့မဟုတ် အောက်ဖက်သို့တိမ်းစောင်းပေးလိုက်နိုင်ပါတယ်။

၃။ ခန္ဓာကိုယ်ကိုလိမ်လိုက်၍ လက်ကိုနေရာတကျထားပါ။

လေးဆယ့်ငါးဒီဂရီသို့ သင့်ခန္ဓကိုယ်ကိုထားရှိပြီး လက်ကို ကင်မရာနှင့်အနီးဆုံးနေရာသို့ ရောက်ရှိနိုင်မည့် တင်ပါးပေါ်သို့ တင်ထားပါ။ ပြီးလျှင် ခြေထောက်တစ်ဖက်ကို အခြားတစ်ဖက်၏ရှေ့သို့ အနည်းငယ်ထားပြီး ကိုယ်နေဟန်ထားအမှန်ကို လုပ်ဆောင်နိုင်ပါတယ်။

၄။ ခြေချင်းဝတ်ကိုယှက်ထားပါ။

ဤကိုယ်နေဟန်ထားကို ထားရှိခြင်းသည် တင်ပါးကိုသေးသွယ်သွားဟန်ဖြစ်စေနိုင်သလို ခြေထောက်ကိုလည်း ပိုမိုရှည်လျားသွားသည့်အသွင်ကို ဖြစ်စေနိုင်ပါတယ်။ မတ်တပ်ရပ်နေစဉ်သာမက ထိုင်နေစဉ်အချိန်မှာလည်း အဆင်ပြေပြေပို့စ်ပေးနိုင်မှာပါ။

၅။ အဖွဲ့အတိုင်းလိုက်လုပ်စရာမလိုပါဘူး။

လူတိုင်းလူတိုင်းဟာ ကွဲပြားခြားနားသည့် ပုံပန်းသဏ္ဍာန်များရှိသည့်အတွက် ဓာတ်ပုံကိုကြည့်လိုက်သည်နှင့် အကောင်းဆုံးကိုယ်နေဟန်ထားရှိသူဆီသာ အကြည့်များရောက်သွားမှာဖြစ်ပါတယ်။ နံဘေးရှိလူ၏ ပုံစံအတိုင်းလိုက်လံအတုခိုးစရာမလိုဘဲ သက်သောင့်သက်သာလေးမတ်တပ်ရပ်ပေးနိုင်ပါတယ်။

၆။ ကင်မရာအတွက်အပြုံးလေ့ကျင့်ပါ။

ဓာတ်ပုံရိုက်သည့်အခါမှာ ပြုံးရယ်ရခြင်းမှာ ခဲရာခဲဆစ်နိုင်လှပါတယ်။ တမင်တကာ အစွမ်းကုန်ပြုံးရယ်လိုက်ခြင်းသည် မျက်လုံးများကိုမှေးသွားစေပြီး ပါးများကိုဖောင်းကားသွားစေနိုင်သောကြောင့် ဆွဲဆောင်မှုရှိသည့်ဓာတ်ပုံကို ရရှိနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် နေ့စဉ်ပုံမှန်ပြုလုပ်နေကြဖြစ်သည့် သဘာဝအပြုံးသည်သာလျှင် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

၇။ လွတ်လပ်ပေါ့ပါးဟန်ဖြင့်ရိုက်ကူးပါ။

သူငယ်ချင်းများနှင့်ဖြစ်စေ၊ မိမိတစ်ဦးတည်းဖြစ်စေ လွတ်လပ်ပေါ့ပါးစွာ ရိုက်ကူးသည့်ပုံရိပ်များကသာလျှင် အကောင်းဆုံးဖြစ်သည့်အတွက် တောင့်တောင့်တင်းတင်းဖြစ်မနေပါနှင့်။ အတင်းကြိုးစားပြီးရိုက်ကူးခြင်းမဟုတ်သောကြောင့်လည်း အမှားဖြစ်ဖို့အခွင့်အလမ်းနည်းပါးသွားနိုင်မှာပါ။