တစ်ချို့တွေက ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမလဲဆိုတာသိပေမယ့် တစ်ချို့က ကင်မရာရှေ့ရောက်ရင် ဘယ်လို Pose ပေးရမလဲ အခက်ခဲဖြစ်နေသူတွေရှိပါတယ်။ စာဖတ်သူတွေထဲမှာလည်း တစ်ချို့ပါမယ်လို့ မျှော်လင့်ပါတယ်။

ဒါ့ကြောင့် ဓါတ်ပုံရိုက်မယ်ဆိုရင် ကိုယ်က မလှဘူးမဖြစ်ရလေအောင် Pose ပေးနည်းလေးကိုမျှဝေပေးလိုက်တယ်နော်။

၁။ ပြုံးတဲ့အခါ လျှာကိုသုံးပါ။

အွန် ပြုံးတာနဲ့ လျှာနဲ့ဘာဆိုင်လို့တုန်းလို့ မေးခွန်းရှိပါတယ်။ ပြုံးတဲ့အခါမှာ လျှာလေးနဲ့ ပါးစပ်အပေါ်အမိုးနားကို ဖိထားပေးပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင်မေးနှစ်ထပ်ဖြစ်ခြင်းကိုလျှော့ချပေးနိုင်ပြီး အပြုံးကလည်း သက်ဝင်စေပါတယ်။

၂။ မျက်နှာအနေအထား

လျှပ်တပြတ်ရိုက်ချက် Snap Shot တွေကို လူတိုင်းသဘောကျကြပါတယ်။ အဲဒီလို ဓါတ်ပုံရိုက်တဲ့အခါမှာ မျက်နှာနဲ့ ကင်မရာနဲ့ တည့်တည့်မကြည့်ဘဲ နည်းနည်းစောင်းပြီးကြည့်ပေးပါ။ တည့်တည့်ကြည့်မယ်ဆိုရင် မျက်နှာက ပိုပြီးကြီးသယောင် ကျယ်သယောင်ထင်ရစေပါတယ်။ ဘေးတစ်စောင်းလေး စွေကြည့်ပြီး ခေါင်းလေးကို နည်းနည်းမော့တာ (သို့) နည်းနည်းလေးချပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလိုဆို ပါးရိုးလေးတွေပေါ်ပြီး ဓါတ်ပုံလှလှလေးထွက်လာပါလိမ့်မယ်။

၃။ ခါးထောက်ပါ

ခါးထောက်ပါဆိုပေမယ့် ခါးကြီးကိုတောင့်တောင်ကြီးထောက်ခိုင်းတာမဟုတ်ဘူးနော်။ လက်လေးနဲ့ ခါးကိုခပ်ဖွဖွပဲထောက်ပြီးပြီး ခန္တာကိုယ်ကို ၄၅ ဒီဂရီလှည့်ပေးရမှာပါ။ တဖက်ခြေထောက်ကို ကင်မရာရှိတဲ့ဖက်ခပ်ဖွဖွလေးထားပြီး ကိုယ်အလေးချိန်ကိုတော့ အနောက်ဘက်ခြေထောက်ပေါ်မှာထားပါ။

၄။ခြေကျင်းတွေကို ကြက်ခြေခတ်ပုံစံလေးထားပါ။

လမ်းလျှောက်နေတဲ့ပုံစံလေး Pose ပေးတဲ့အခါ ခြေထောက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံလေးထားပေးပါ။

၅။ အဖွဲ့လိုက် တူညီတဲ့ Pose မပေးပါနဲ့။

အဖွဲ့လိုက်ဓါတ်ပုံရိုက်မယ်ဆို အားလုံးတူညီတဲ့ pose မပေးဘဲ တစ်ယောက်တစ်မျိုးဆီpose ပေးတာဟာ ကြည့်ရတဲ့ မျက်လုံးထဲမှာလည်း သက်သောင့်သက်သာရှိစေပါတယ်။

၆။ ကင်မရာကိုကြည့်ပြီး သေချာပြုံးပါ။

တစ်ချို့က ကင်မရာရှေ့ရောက်ရင် အပြုံးကအသက်မပါဘူးဖြစ်တတ်ပါတယ်။မသိရင်ဘဲ စိတ်ဆိုးနေသလို သူ့ကိုဘဲ အတင်းရိုက်ပြီး ဓါတ်ပုံရိုက်ခိုင်းသလိုဖြစ်နေ တတ်ပါတယ်။ ကင်မရာရှေ့မှာ အရမ်းပြုံးတာမျိုးမဟုတ်ဘဲ စွဲဆောင်မှုရှိရှိပြုံးဖို့အတွက် မျက်နှာတစ်ခုလုံးကို relax ဖြစ်လို့လက်နဲ့ ခပ်ဖွဖွလေးရိုက်ပေးပါ။ ပြီးရင် နှုတ်ခမ်းကိုဖွင့်လိုက် ပိတ်လိုက် ဟလိုက်လုပ်ပေးပါ။ သွားပေါ်ပြီးပြုံးတာပဲဖြစ်ဖြစ် ဒီအတိုင်းပြုံါ်တာပဲဖြစ်ဖြစ် သဘာဝအတိုင်းလေးရှိနေမှာပါ။ ပြုံးတဲ့အခါမှာ မျက်လုံးကို နည်းနည်းလေး ကျဉ်းပေးထားပါ။ နှုတ်ခမ်းသာမက မျက်လုံးကိုလည်းပြုံးဖို့လိုပါတယ်။

၇။ကောင်းမွန်တဲ့ ဟန်အနေအထားရဖို့ လေ့ကျင့်ပါ။

ပုံကောင်းတစ်ပုံရဖို့ အကြိမ်ပေါင်း ၁၀၀၀ လောက်ရိုက်ရတယ်ဆိုတာ စာဖတ်သူတို့လည်းကြားဖူးကြမှာပါ။ နော်သေးတယ်။ ဖလင်ခေတ်မဟုတ်တော့လို့။ ဓါတ်ပုံကို အကြိမ်ကြိမ်ရိုက်ပါ။ ဒါမှ ယုံကြည်မှုရှိလာမှာပါ။

၈။ ဒူးတစ်ဖက်ကို မြောက်ပြီး Pose ပေးပါ။

ပရောဖက်ရှင်နယ် မော်ဒယ်တစ်ယောက်မဟုတ်ဘူးဆိုရင်တော့ သူငယ်ချင်းတွေနဲ့ ဓါတ်ပုံရိုက်တဲ့အခါ ဒူးတစ်ဖက်ကို အတူတူမြောက်ပြီး Pose ပေးတာကလည်း စွဲဆောင်မှုတစ်မျိုးပါပဲ။

ဒူး တစ်ဖက်ကို အရှေ့ထုတ်ပြီး နည်းနည်းလေးကွေး Pose ပေးတဲ့ပုံလေးကလည်း စွဲဆောင်မှုရှိပါတယ်။