ခရီးသွားတဲ့အချိန် အမှတ်တရ ဓာတ်ပုံ လှလှလေးတွေကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ဒီလိုမှ ခရီးသွားခဲ့တဲ့ အချိန်တွေကို သတိရတိုင်း ဒီပုံလေးတွေကို အမှတ်တရ ပြန်ကြည့်နိုင်မှာပါ။ ဒါ့အပြင် ပျိုမေအများစုက ခရီးသွားတဲ့အချိန် အမှတ်တရ ဓာတ်ပုံတွေကို Social Media ပေါ် တင်လေ့ရှိပါသေးတယ်။ ဓာတ်ပုံထဲ လှနေရင်တော့ ပျိုမေတို့ အပျော်ဆုံး ဖြစ်မှာပါ။ ဒါပေမဲ့ ခရီးသွားတဲ့အချိန်ဆိုရင် မိတ်ကပ် လိမ်းထားတဲ့အခါ တချို့ပျိုမေတို့အတွက် လွတ်လွတ်လပ်လပ် မဖြစ်ဘဲ စိတ်အိုက်တတ်ပါတယ်။ ဒီလိုခံစားချက်မျိုးကို ပေါ့ပေါ့ပါးပါး နေလေ့ရှိတဲ့ ပျိုမေတွေ နားလည်မှာပါ။ မိတ်ကပ်လိမ်းမှလည်း ကင်မရာထဲ ပိုလှသွားမှာပါ။
ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ မိတ်ကပ် လိမ်းထားစရာမလိုဘဲနဲ့ ကင်မရာထဲမှာ လှနိုင်မယ့် ခရီးသွား ဓာတ်ပုံ ပို့စ်ပေးနည်းတွေကို ဖော်ပြပါရစေ။ ဒီပို့စ်တွေကို သိထားရင် သင်က နောက်တစ်ခေါက် ခရီးသွားတဲ့အချိန် မိတ်ကပ်မလိမ်းလည်း ပုံလှလှလေး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
နောက်ခံ ရှုခင်းကို အသားပေးကာ Mask တပ်ပြီး လွတ်လွတ်လပ်လပ် ပို့စ်ပေးမယ်
သင်က မိတ်ကပ်မလိမ်းတတ်သူဆိုရင် Mask တပ်ထားဖို့တော့ လိုပါတယ်။ ခုံတစ်ခုံမှာ ထိုင်ပြီး လက်တစ်ဖက်မြှောက် ပို့စ်ပေးတာက အိုင်ဒီယာကောင်းတစ်ခုပါ။
သင်က စားသောက်ဆိုင် တစ်ဆိုင်ရောက်နေတယ်ဆိုရင် လက်ထောင်တာမျိုး မလုပ်ချင်ရင် လက်နှစ်ချောင်းကို မျက်နှာနားကပ်ပြီး ပို့စ်ပေးနိုင်ပါတယ်။
နောက်လှည့်ပြီး ရှုခင်းကြည့်နေတာကလည်း ထွေထွေထူးထူး လုပ်စရာမလိုတဲ့ ပို့စ်ပေးနည်းပါ
ဖုန်းထောင်ပြီး ကင်မရာ သမားကို ပြန်ဓာတ်ပုံရိုက်နေတာလေးကလည်း သဘာဝကျပါတယ်။
ရှုခင်းကို ဘေးတစ်စောင်းလေး ကြည့်နေတာကလည်း ချစ်ဖို့ကောင်းပါတယ်။
ဒီပို့စ်အတွက်တော့ ဦးထုပ်တစ်လုံး လိုအပ်ပါတယ်။ ဦးထုပ်ကို အငိုက်စောင်းထားကာ လက်နှစ်ဖက်ကို ဘေးဘက် ကားထားလိုက်တာက လွတ်လွတ်လပ်လပ် ပို့စ်မျိုး ဖြစ်စေမှာပါ။
သင့်မိတ်ကပ်မလိမ်းတဲ့ မျက်နှာကို အသည်းပုံ ပုံစံလေးထားကာ ကာထားနိုင်ပါတယ်။
နောက်ခိုင်းထားပြီး ဆံပင်ကိုင်ထားတာကလည်း သဘာဝကျပါတယ်။
သင်က နေပူတဲ့အချိန် ပို့စ်ပေးမယ်ဆိုရင် မျက်နှာကို လက်ကလေးနဲ့ ကာထားပြီး ဘေးတစ်စောင်း ပို့စ်ပေးနိုင်ပါတယ်။
ရှုခင်းကို အဓိက ထားကာ နောက်ခိုင်းပြီး လက်မြှောက်ထားတာကလည်း ပေါ့ပါးတဲ့ ပုံစံရစေပါတယ်။ သင်လက်ပြတဲ့ဘက် သူစိမ်းလူတွေ မရှိဖို့တော့ သတိထားသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar