အားလုံးပဲ မင်္ဂလာပါ။ သင်္ကြန်တုန်းလည်း ဘယ်မှ မသွားရလို့ စိတ်ညစ်နေကြပြီလား။ အိမ်မှာနေရင်း ဘာတွေလုပ်ဖြစ်ကြလဲ။ အိမ်မှာနေတဲ့အချိန် ကိုယ်ဝါသနာပါတာတွေ ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်လို့ရပါတယ်။ ကင်မရာရှေ့ အိုက်တင်မထုတ်တတ်တဲ့ ပျိုမေတွေအနေနဲ့လည်း ကြိုလေ့ကျင့်ထားနိုင်ပါတယ်။ ကင်မရာရှေ့ရောက်တိုင်း “ငါ ဘယ်လိုနေရင်လှမလဲ၊ ငါဘယ်လို ပို့စ်ပေးရမလဲ” မေးတတ်တယ်ဆိုရင်တော့ သင်က ပို့စ်ပေးနည်းတွေကို လေ့ကျင့်ဖို့လိုပါပြီ။

လေ့ကျင့်နိုင်တဲ့နည်းကတော့ ကိုယ့်အတွက် လှမယ်ထင်တဲ့ ပုံစံတွေကို မှန်ရှေ့မှာ အမျိုးမျိုး နေကြည့်တာပါ။ မော်ဒယ်တွေရဲ့ ကင်မရာရှေ့ နေပုံထိုင်ပုံတွေကို နမူနာယူပြီးတော့လည်း လေ့ကျင့်နိုင်ပါတယ်။ သင်က လေ့ကျင့်ဖြစ်တယ်ဆိုရင်တော့ အရင်လို ကင်မရာရှေ့မှာ ပို့စ်ပေးနည်းတွေကို သူများတွေဆီ မေးနေစရာမလိုတော့ပါဘူး။ ဒါကြောင့် ဘယ်လိုပို့စ်ပေးရင်လှမလဲ Photo Model တွေရဲ့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar