ပြုံးတာမှာတောင် စတိုင် အမျိုးမျိုး ရှိပါတယ်။ မျက်လုံးပဲ ပြုံးမလား၊ သွားစိပြီး အပြည့်အဝ ပြုံးပြမလား၊ တစ်ဝက်ပဲ ပြုံးမလား စတဲ့ ပြုံးနည်း အမျိုးမျိုး ရှိပါတယ်။ သင်က ဓာတ်ပုံရိုက်နေကျသူ မဟုတ်ရင် ကင်မရာရှေ့ ပြုံးဖို့က တစ်ခါတလေ အသက်ဝင်တဲ့ အပြုံးမရနိုင်သလို ဟန်ဆောင် လုပ်ပြုံးကြီး ဖြစ်နေတတ်ပါတယ်။ ဘယ်သူမဆို သဘာဝ ကျကျ ချစ်စရာကောင်းအောင် ပြုံးနေတဲ့ ပုံတွေကိုပဲ လိုချင်ကြမှာပါ။ သင်က မပြုံးဘဲနဲ့လည်း ဓာတ်ပုံထဲမှာ ပုံလှလှလေးတွေ ရနိုင်ပါတယ်။ ဒီတော့ မပြုံးဘဲနဲ့ ပို့စ်အလန်းစားတွေ ပေးနိုင်ဖို့ ပို့စ်ပေးနည်းတွေကို ကြည့်လိုက်ရအောင်နော်-

ခန္ဓာကိုယ် ဘေးဘက် တစ်စောင်း ထိုင်ကာ သင့်မျက်နှာကို ကင်မရာဘက် ရုတ်တရက် ကြည့်လိုက်တာက သဘာဝဆန်ဆန် ဓာတ်ပုံမျိုး ရစေမှာပါ။

သင့်ခန္ဓာကိုယ်ကို ခါးအောက်ပိုင်းလောက်ထိ ကင်မရာထဲ ဆန့်အောင် ရိုက်ပေးပြီး ဘေးစောင်းကိုမှ ခေါင်းလေး စောင်းထားတဲ့ ပို့စ်က ချစ်ဖို့ ကောင်းပါတယ်။

ခြေထောက်နှစ်ဖက်ကို ထောင်ထားပြီး ဘေးဘက် ငေးကြည့်နေတာက သင့်ကို Natural Pose မျိုး ပိုင်ဆိုင်စေပါလိမ့်မယ်။

ဆံပင်ကို လက်တစ်ဘက်နဲ့ ကိုင်ကာ သင့်တင်ပါးဘေးကို တစ်ဘက် စောင်းတာက ခန္ဓာကိုယ် ပိုသွယ်သွားစေမယ့် ပို့စ်ပါ။

သင့်ဆံပင်ကို ရှေ့ဘက်ချ အသားပေးကာ သင်က ဘေးဘက် ကြည့်နေလိုက်တာက ကဗျာဆန်တဲ့ မိန်းကလေး တစ်ယောက်လို ဖြစ်နေမှာပါ။

သင်စားမယ့် အစားအသောက်ကို ကိုင်ကာ တစ်ဘက်ကြည့်နေလိုက်တာက ကင်မရာရှေ့ ထွေထွေထူးထူး ပြုံးစရာမလိုတော့ပါဘူး။

သင့်မှာပါလာတဲ့ ပစ္စည်းကို အောက်ဘက်ငုံ့ ကြည့်နေလိုက်တာက Snapshot ပုံလေး ရစေမှာပါ။

သင်က သင့်အပြုံးကို လုံးဝ မပြချင်သူဆိုရင် ပုံထဲကလို ပါးစပ်ကို လက်နဲ့ အုပ်ပြီး မေးထောက်နေတဲ့ ပုံစံလေးကလည်း အသုံးဝင်မှာပါ။

သင့်ဆံပင်ကို ကိုင်ကာ စည်းထားတဲ့ ပုံစံလေးကလည်း ဆံပင်ဆီ အာရုံရောက်သွားစေပြီး ပြုံးမပြုံး သိပ်မသိသာတော့ပါဘူး။

ပြုံးတာကို မဖော်ပြချင်သူတွေအနေနဲ့ ပန်း ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုနဲ့ သင့်အပြုံးကို ဖုံးကွယ်ထားနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar