ရှက်တတ်တဲ့ မိန်းကလေးတွေ၊ ကင်မရာရှေ့ ခဏခဏ ဓာတ်ပုံရိုက်လေ့မရှိတဲ့ မိန်းကလေးတွေ အဖို့တော့ ကင်မရာကို ကြည့်ပြီး ပြုံးဖို့ ခက်သလို ကင်မရာမကြည့်ဘဲ တခြားနေရာကြည့်ကာ ပြုံးဖို့လည်း ခက်နေတတ်ပါတယ်။ ဓာတ်ပုံရိုက်နေကျ ပျိုမေတချို့တောင် ကင်မရာကို ကြည့်ပြီး အလိုလို နေရင်း ရယ်ပြုံးဖို့က တော်တော်ကို ကြိုးစားယူရတဲ့ အရာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကင်မရာကိုလည်း တိုက်ရိုက်မကြည့်ချင်၊ ပြုံးလည်း မပြုံးချင်တဲ့ ကောင်မလေးတွေ အတွက် ပို့စ်ပေးနည်း အသစ်တွေကို ဖော်ပြပါရစေ။

ဆံပင်လေးကိုကိုင်ပြီး တခြားနေရာကို ငေးနေတဲ့ ပို့စ်ကလည်း တည်ငြိမ်ပြီး လှပါတယ်။

ဆံပင်ကို တစ်ဘက်တည်း ချကာ မျက်လုံးကို ဒီဆံပင်ရဲ့ ဆန့်ကျင်ဘက် ကြည့်နေတာက ကဗျာဆန်တဲ့ ပို့စ်ပေးနည်း အိုင်ဒီယာဖြစ်ပါတယ်။

ကင်မရာကို မျက်နှာရဲ့ အောက်ဘက်မှာ ထားခိုင်းကာ သင့်မျက်လုံးနဲ့ မျက်နှာအိုက်တင်ကို ဦးစားပေး ရိုက်နိုင်ပါတယ်။

အလှ Portrait ပုံ ရိုက်တဲ့ ကောင်မလေးတွေ အနေနဲ့ ကင်မရာကို မကြည့်ချင်ရင် လက်ကလေးကို မေးအောက်ထားကာ တခြားဘက် ကြည့်နိုင်ပါတယ်။

Good Hair Day တွေမှာ ဆံပင်ကို ဦးစားပေးကာ သင်ကတော့ အောက်ကို ငုံ့နိုင်ပါတယ်။

လေတိုက်နေတဲ့အချိန် သင်က အမြင့်တစ်နေရာမှာ နေရာယူကာ တခြားဘက်ကို ကြည့်နေနိုင်ပါတယ်။

ပခုံးလေးကို မျက်နှာနဲ့ နီးကပ်စွာ ထားကာ တခြားဘက်ကို ကြည့်နေတာက အိုင်ဒီယာကောင်းပါပဲ။

သင့်လက်နှစ်ဘက်လုံးကို ဘောင်းဘီအိတ်ထဲ ထည့်ကာ တခြားဘက် ကြည့်နိုင်ပါတယ်။

နေကာမျက်မှန်ဝတ်ထားတယ်ဆိုရင် မျက်မှန်ကို မျက်လုံးအောက် လျှောချထားကာ တခြားဘက် ကြည့်နေနိုင်ပါတယ်။

တစ်နေရာရာကို မှီကာ ခန္ဓာကိုယ်ကို ရှေ့ဘက် အနည်းငယ် ကိုင်းပြီး မျက်နှာချင်းဆိုင်ဘက် ကြည့်တာကလည်း ပို့စ်ပေးနည်း အိုင်ဒီယာကောင်းပါပဲ။

Photo Source: Pinterest

By MyStyle Myanmar