အရပ်အမြင့်လုံးဝ မတူဘဲ အင်္ဂလိပ်အက္ခရာ i နဲ့ T လို ဖြစ်နေတဲ့ သူငယ်ချင်းတွေကို သင်မြင်ဖူးမှာပါ။ သင်ကိုယ်တိုင်တောင် ဒီလို သူငယ်ချင်းတွေ ရထားနိုင်ပါတယ်။ သင်က အရပ်ရှည်ပြီး သူတို့က ပုပုလေးတွေ ဖြစ်နိုင်သလို ဒါရဲ့ ပြောင်းပြန်လည်း ဖြစ်နိုင်ပါတယ်။ အရပ်မတူတဲ့အခါ ကြုံရတတ်တဲ့ ပြဿနာကတော့ ဓာတ်ပုံရိုက်တဲ့အချိန်ပါပဲ။ ဓာတ်ပုံတူတူ ရိုက်ချင်ပေမယ့် ဘယ်သူက ဘယ်လိုနေရမလဲ မသိကြတော့ပါဘူး။ ဒီတော့ ဒီအခက်အခဲတွေကို နောက်တစ်ခေါက် မဖြစ်ရလေအောင် iT သူငယ်ချင်းတွေအတွက် ဘယ်လိုပို့စ်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ အရပ်ပိုပုတဲ့ သူငယ်ချင်းကို ရှေ့က ရပ်ခိုင်းပါ

အရပ်ပုတဲ့သူကို ကင်မရာနဲ့ ပိုနီးအောင် ရပ်ခိုင်းရပါမယ်။ အရပ်ရှည်တဲ့ သူငယ်ချင်းကတော့ နောက်မှာ အရပ်တူသွားအောင် တင်ပါးကို ဘေးစောင်းကာ အရပ်ညှိပေးရပါမယ်။ ဒီလိုဆိုရင် နှစ်ယောက်လုံး အရပ်က မတိမ်းမယိမ်း ဖြစ်သွားမှာပါ။

၂။ အကွာအဝေးတစ်ခု

အရပ်ပိုရှည်တဲ့ သူငယ်ချင်းက နောက်ဘက် နဲနဲ ချဲရပ်ပြီး ပိုပုတဲ့ သူငယ်ချင်းကို မှီထားတဲ့ပုံစံလေးက အရပ်ညီ သွားစေပါတယ်။

၃။ လမ်းလျှောက်တာ

အရပ်ပိုပုတဲ့ သူငယ်ချင်းကို ရှေ့ကနေ လမ်းလျှောက်ခိုင်းရပါမယ်။ ကိုယ်ကပါ လိုက်လျှောက်တဲ့အချိန် ကင်မရာထဲ အရပ်တူတူပဲ ဖြစ်သွားပါလိမ့်မယ်။

၄။ ဘေးချင်းကပ်

သင်တို့တွေက ဘေးချင်းကပ် ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အရပ်ပိုရှည်တဲ့ သူငယ်ချင်းကို ပုတဲ့သူငယ်ချင်းရဲ့ ပခုံးကို ဖက်ထားခိုင်းကာ အရပ်ရှည်တဲ့သူက ရှေ့ဘက် ကိုယ်ကို ကိုင်းထားပေးရပါမယ်။

၅။ ထိုင်တာ

ဒါကတော့ အလွယ်ဆုံးပါပဲ။ ထိုင်ပြီး တစ်ယောက်အပေါ်ကို မှီလိုက်တဲ့အခါ အရပ်မတူတဲ့ ပြဿနာက လုံးဝပျောက်သွားပါလိမ့်မယ်။

အရပ်မတူတဲ့ သင့်သူငယ်ချင်းတွေကို Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar