သင်ကော သင့်သူငယ်ချင်းကောက နှစ်ယောက်လုံး ဓာတ်ပုံမရိုက်တတ်ဘူးဆိုရင် ဘေး အကူအညီ လိုလာပါပြီ။ ဒီလို မိန်းကလေးတွေက ဓာတ်ပုံသိပ်ရိုက်လေ့မရှိဘဲ တကယ် ပို့စ်ပေးရတော့မယ့် အချိန်ဆိုရင် ရှိုးတိုးတိုး အမ်းတမ်းတမ်း ဖြစ်သွားတတ်လေ့ရှိပါတယ်။ နှစ်ယောက်က လက်ထောင်ရမလား၊ ခန္ဓာကိုယ်ကို ဘယ်လိုထားရင် နှစ်ယောက်လုံး လှမလဲ စသဖြင့် ခေါင်းစားစရာတွေပါပဲ။

သင်က သူငယ်ချင်းနဲ့ ကြောင်တောင်တောင် မဖြစ်ဘဲ ဓာတ်ပုံလှလှလေး လိုချင်တယ်ဆိုရင် အောက်ဖော်ပြပါ ပုံစံတွေအတိုင်း ပို့စ်ပေးနိုင်ပါတယ်။

နှစ်ယောက်လုံး ထိုင်နေတာ

နှစ်ယောက်လုံး ဘေးချင်းကပ်ထိုင်ပြီး ခြေထောက်ပုံစံကို ပုံထဲကလို လုပ်ထားမယ်ဆိုရင် ထွက်လာတဲ့ ဓာတ်ပုံက အချိုးကျပါလိမ့်မယ်။

တစ်ယောက်ကို တစ်ယောက်က ဖက်ထားတာ

အရပ်ပုတဲ့ သူငယ်ချင်းနောက်ကနေ အရပ်ရှည်တဲ့ သူငယ်ချင်းက ဖက်ထားတဲ့ ပို့စ်က သိပ်ကြိုးစားစရာမလိုတဲ့ ပုံစံပါ။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တာ

ပါးစပ်ကို လက်ထောက်ပြီး ပိတ်ထားကာ မျက်လုံးချင်း အတင်းပြောနေတဲ့ စတိုင်က Best Friend တွေအတွက် Pose Idea ကောင်းပါပဲ။

တစ်ယောက်က လက်မြှောက်ထားတာ

နှစ်ယောက်မှာ ပိုပေါ့ပေါ့ပါးပါးရှိတဲ့ တစ်ယောက်က လက်မြှောက်လိုက်တာက ကြည့်ရတာ လွတ်လွတ်လပ်လပ် ရှိပါတယ်။

နှစ်ယောက်လုံး လက်ပိုက်ထားတာ

သူငယ်ချင်း နှစ်ယောက်လုံး လက်ပိုက်ထားတာ က သိပ်ကြိုးစားစရာမလိုတဲ့ ပို့စ်ပါ။

နှစ်ယောက်လုံး လက်တွဲထားပြီး လမ်းလျှောက်တာ

ဒီလိုလေး လမ်းလျှောက်နေတဲ့ ပို့စ်က ခရီးသွားရင်း ဓာတ်ပုံရိုက်တဲ့အချိန် သင့်တော်တဲ့ ပို့စ်ပါ။

လမ်းလျှောက်တာကိုမှ ခြေလှမ်းတူတူ

လမ်းလျှောက်နေတာကိုမှ ခြေလှမ်းတူတူလေး လှမ်းတာက တမူထူးခြားတဲ့ ပို့စ်ပါ။

နှစ်ယောက်လုံး ခုံတစ်ခုံမှာ ခြေထောက်ဆန့်ထားတဲ့ ပို့စ်က ချစ်ဖို့ကောင်းပါတယ်။

နှစ်ယောက် Selfie ဆွဲနေတဲ့ပုံစံကို တခြားသူတစ်ယောက်ဆီ ရိုက်ခိုင်းနိုင်ပါတယ်။

နှစ်ယောက်လုံး ကင်မရာထဲ မျက်နှာမပေါ်ချင်ရင် ဒီပုံစံလေး ပို့စ်ပေးနိုင်ပါတယ်။

တစ်ယောက်က ခါးထောက်ပြီး နီးနီးကပ်ကပ် နေတဲ့ ကိုယ်နေဟန်ထားက ကြည့်လို့ကောင်းပါတယ်။

တစ်ယောက် ခန္ဓာကိုယ်နား တစ်ယောက်မှီထားတဲ့ ပုံစံလေးက ချစ်ဖို့ကောင်းတာ ငြင်းမရပါဘူး။

ဘာမှထွေထွေထူးထူး မဟုတ်ဘဲ နှစ်ယောက်လုံး လက်နှစ်ချောင်းထောင်နေတဲ့ Cute Pose

ဒါလေးက မြင်နေကျ Pose စတိုင်လေး ဖြစ်လို့ သင်တို့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာပါ။

Photo Source: Pinterest

by MyStyle Myanmar