ကိုယ်ပုံစံလေးက ကြည့်လိုက်တာနဲ မိန်းမအရမ်းမဆန်ပဲနဲ့ နေတတ်တဲ့ ကောင်မလေးတစ်ယောက်လား ။ ဓာတ်ပုံရိုက်ရင် Pose တွေကောင်းကောင်းမပေးတတ်လို့ ဓာတ်ပုံလှလှလေးတွေ မရဘူးဆိုတဲ့ အတွေးတွေ ဖျောက်လိုက်ပါနော်။ ဓာတ်ပုံအရိုက်ခံရတာကလည်း လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ကိုယ့်ပုံလေးတွေ ကြည့်လိုက်တာနဲ့ ပေါ့ပေါ့းပါးပါးလေးတွေ ဖြစ်ပြီးSnap Shot လေးတွေက အခုနောက်ပိုင်းမိန်းကလေးတွေအတွက် ပိုပြီးခေတ်စားလာပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ရဲ့ Mood ကိုလိုက်ပြီး နေခြင်းကဓာတ်ပုံတစ်ပုံကို ပိုပြီးအသက်ဝင်စေပါတယ်။ မိန်းကလေးတွေ တော်တော်များများက ဓာတ်ပုံရိုက်ရင် လှချင်တဲ့ဇောနဲ့ ရိုက်တဲ့အခါ တောင့်တောင့်ကြီးတွေနေတတ်ကြပါတယ်။ ဒီအချက်က ဓာတ်ပုံရိုက်ပေးတဲ့သူအတွက်လည်း အဆင်မပြေသလို ထွက်လာတဲ့ဓာတ်ပုံကလည်း ကြည့်ရတာအဆင်ပြေမှာမဟုတ်ဘူးနော်။

ကဲ့ဒီလိုဆိုရင် ဘယ်လိုနေရာလေးတွေမှာ ဘယ်လို Pose ပေးပြီးရိုက်ကြမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ကော်ဖီဆိုင်တွေ သွားတဲ့အခါမျိုးမှာ ကော်ဖီခွက်ကိုကိုင်ပြီး မသိသာလေးရိုက်တဲ့ ပုံစံမျိုးလေးတွေ ရိုက်ပေးသင့်ပါတယ်။ ကင်မရာကို ကြည့်နေတာမျိုးမဟုတ်ပဲနဲ့  မျက်လုံးလွဲထားတာမျိုးမျိုးဖြစ်ဖြစ်လဲ Pose ပေးလို့ရပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ဆံပင်လေးကို စည်းနေတဲ့ပုံစံမျိုးလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

City Mart တို့ Marketplace တို့စျေးဝယ်ထွက်တဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ရိုက်လို့ရတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ မုန့်ထုပ်လေးတွေကိုင်ပြီး ရိုက်တာမျိုးတို့၊ Lighting ကောင်းတဲ့နေရာတွေရောက်ရင် ထိုင်ပြီး Pose ပေးတာမျိုးလေးတွေလည်း ချစ်စရာကောင်းပါတယ်။

အဆောက်အအုံလှလှလေးတွေ နောက်ခံထားပြီး ရိုက်ရင်လည်း လူက အဆောက်အအုံလှလှလေးတွေကို နောက်ကျောပေးပြီးရိုက်လို့ရပါတယ်။ ဒီလိုမျိုး လှတဲ့ Background လေးတွေရောက်ရင်တော့ Portrait Mood လေးတွေလည်း လိုက်ဖက်ပါတယ်။ တစ်ချို့နေရာတွေက Pose တွေအများကြီးပေးနေမဲ့အစား ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ဖော်ပြချင်တဲ့ Concept ကိုသိဖို့က ပိုအရေးကြီးပါတယ်။ ဒါမှလည်း ဓာတ်ပုံက ပိုပြီးကြည့်ကောင်း စေမှာပါ။

Photo Source – Pinterest