နွေရာသီဆိုတော့ တော်တော်များများက ကမ်းခြေသွားနေကြပြီပေါ့။ ဓာတ်ဖမ်းရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက်ကတော့ ကမ်းခြေမှာ ပုံလှလှလေးရဖို့က အဓိကပါပဲ။ ဒါကြောင့် ရိုက်နေကျပုံစံတွေထဲကကွဲထွက်ပြီး မိုက်နေအောင်၊ ချစ်စရာကောင်းနေအောင် သူများနဲ့မတူတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်တယ်နော်။
ကမ်းခြေရောက်ရင် သဲလေးတွေနဲ့ ဒီလိုပို့စ်လေးရိုက်ကြည့်ပါ။ သူများနဲ့မတူပဲ မိုက်ပါတယ်။ သဘာဝဆန်ပြီး တော်တော်ကြည့်ကောင်းတဲ့ပုံလေး ထွက်လာမှာသေချာပါတယ်။
နေဝင်ချိန်မှာ ဂါဝန်လေးနဲ့ ဒီလိုအလွင့်ပို့စ်လေးပေးပြီး ရိုက်ကြည့်ပါ။ နောက်ကျောလေးပေမယ့် အရမ်းလှပါတယ်နော်။
ကိုရီးယားဆန်ဆန်လေးရိုက်ချင်တဲ့သူတွေကတော့ အခင်းလေးယူသွားပြီး ကမ်းခြေမှာထိုင်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။
ဒီတိုင်းဓာတ်ပုံအရိုက်ခံတာထက်စာရင် Snap ပုံလေးတွေရိုက်တာက ပိုချစ်စရာကောင်းပါတယ်။
ရေကူးဝတ်စုံလေးနဲ့ နေဝင်ချိန် ကမ်းခြေမှာ ဒီလိုလေးထိုင်ရိုက်ရင် အရမ်းလှပါတယ်။ ပင်လယ်ကိုနောက်ခံထားပြီးရိုက်တာက ပိုမိုက်ပါတယ်နော်။
ပင်လယ်ကိုနောက်ခံထားပြီး ဓာတ်ပုံရိုက်ရင် အနီးကပ်ပုံလေးလည်း ပါအောင်ရိုက်ကြည့်ပါ။ ပင်လယ်နဲ့ဆိုတော့ ဒီလိုလေးရိုက်ရင် ပုံထွက်အရမ်းလှပါတယ်။
Photo Source: www.pinterest.com