ဓာတ်ပုံ လှလှလေးတွေ ရိုက်လေ့ရှိတဲ့ မော်ဒယ်တွေ၊ Cele တွေရဲ့ အကြံပေးချက်တွေထဲမှာ အဓိက ပါဝင်နေတဲ့ အချက်တစ်ချက်ကတော့ ကင်မရာရှေ့မှာ လက်တွေကို ဘယ်နားထားရမှန်း မသိ အူကြောင်ကြောင် ဖြစ်မနေအောင် ပစ္စည်းတစ်ခုခု ကိုင်ထားပါ ဆိုတဲ့ အကြံပေးချက်ပါ။

တချို့တွေဆိုရင် ဓာတ်ပုံထဲ အရောင်စပ် မှန်ကန်စွာ လှနေဖို့ ကိုယ်ဝတ်တဲ့ အင်္ကျီအရောင်နဲ့ အအေးဘူး အရောင်ကိုတောင် တူအောင် ဖန်တီး တတ်ကြပါသေးတယ်။ သင့်အကြိုက် Bubble Milk Tea ဘူးလေး ကိုင်ပြီး ဓာတ်ပုံလှလှလေး ရိုက်နိုင်သလို သောက်စရာ အအေး တစ်ခု ရှိရုံနဲ့ ဓာတ်ပုံထဲ ထူးခြားအောင် ပို့စ်ပေးနိုင်ပါတယ်။ ဒီတော့ အအေးဘူးကိုင်ပြီး ဘယ်လို ပို့စ်လှလှလေး ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

အအေးဘူးကိုင်ထားကာ ခန္ဓာကိုယ်ကို ဘေးစောင်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပို့စ်ပေးမယ်

အအေးဘူးကို ပွေ့ထားတဲ့ ပုံစံနဲ့ တခြားတစ်ဘက်ကို ကြည့်နေမယ်။ ဒီမှာ Background လှလှလေး ပါနေရင် ပိုလှပါတယ်။

လမ်းလျှောက်ရင်း အောက်ဘက်ကို ကြည့်နေမယ်။

ခန္ဓာကိုယ် ဘေးစောင်းကာ မျက်လုံးလေး မှိတ်ပြီး ပြုံးမယ်

ရာသီဥတု ပူတဲ့အချိန် လိုက်ဖက်တဲ့ ပို့စ်လေး

အအေးဘူးလေး ကိုင်ရင်း အဝေးတစ်နေရာကို ငေးနေမယ်။

အအေးဘူးကို ခေါင်းပေါ်နား ထားကာ မျက်လုံးမှိတ်ရင်း ရယ်မယ်။

ခေါင်းပေါ်မှာ တင်ရင်း ပဲများမယ်။

အအေး တစ်ငုံသောက်ပြီး ကင်မရာကို ပြုံးလျက် ကြည့်မယ်။

Sexy ကျကျ မိတ်ကပ်လေး လိမ်းထားရင် ဒါမျိုးလေး ပို့စ်ပေးနိုင်ပါတယ်။

အအေးသောက်ရင်း ကလေးဆန်ဆန် ရယ်နေတဲ့ ပို့စ်

အအေးဘူးကို တစ်ဖက်က ကိုင်ထားကာ ကျန်တစ်ဖက်က ပါးနဲ့ လက်ထောက်ထားမယ်။

ဆံပင်ကို ကိုင်တော့မယ့် ပို့စ်ကိုလည်း အအေးဘူးကိုင်ရင်း လုပ်နိုင်ပါတယ်။

ကင်မရာကို လုံးဝ မကြည့်ဘဲ အဝေးတစ်နေရာကို ကြည့်ပြီး ပို့စ်ပေးတာကလည်း အိုင်ဒီယာကောင်းပါပဲ။

အောက်ဘက် ချကိုင်ထားကာ အောက်ဘက် ငုံ့ကြည့်နေတာက Ootd Pose ပေးရင် လိုက်ဖက်မှာပါ။

ကောင်းကင်ကို နောက်ခံထားပြီး ခေါင်းကို အပေါ်မော့ထားတဲ့ပို့စ်

လူငယ်ဆန်ဆန် ပို့စ်ပုံစံ

Photo Source: Pinterest

By MyStyle Myanmar