ဖက်ရှင်ဆိုတာက အပေါ်အောက်ဖြစ်တဲ့ ဘောင်းဘီနဲ့ အင်္ကျီ ဒီနှစ်မျိုးတည်း ကြည့်လို့ကောင်းပြီး အဆင်ပြေရုံနဲ့တင် မလုံလောက်ပါဘူး။ လူတစ်ယောက်ရဲ့ ဝတ်ပုံစားပုံက အရေးကြီးဆုံးမဟုတ်ရင်တောင် သူ့နေရာနဲ့သူအရေးပါပါတယ်နော်။

ဒီလိုမျိုး အရေးကြီးတဲ့အချက်ကို လျစ်လျူရှုပြီးတော့ ဖြစ်သလို တွေ့တာကိုကောက်ဝတ်လိုက်လို့ မဖြစ်ပါဘူး။ ဖိနပ်၊ လွယ်အိတ်၊ ဦးထုပ် စတာတွေကိုပါ ဂရုစိုက်ပေးသင့်လို့ ဒီတစ်ခေါက်မှာတော့ ဘယ်လိုဘောင်းဘီအရောင်တွေဆိုရင် ဘယ်လိုဖိနပ်အရောင်တွေနဲ့ တွဲဖက်ဝတ်ဆင်တာကို ပိုပြီးလိုက်ဖက်သလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

သင်က ကိုယ့်ဖက်ရှင်ကို သိပ်သဘောမကျသေးဘူး၊ ဝတ်ဆင်ပုံနဲ့ ပတ်သက်ပြီး ပိုအာရုံစိုက်ချင်တဲ့သူတိုင်းအတွက် အောက်ပါ ဘောင်းဘီနဲ့ဖိနပ် အရောင်အတွဲအစပ်တွေက သင့်အတွက် အဆင်ပြေမှာပါ။

ဘောင်းဘီအဖြူ

အဖြူရောင်က ဘာနဲ့တွဲဝတ်ဝတ် လိုက်တယ်ဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးဖက်ရှင်နဲ့ ရုံးတက်ဖက်ရှင်အတွက်ဆိုရင်တော့ ဘောင်းဘီအဖြူရောင်နဲ့ ဖိနပ်အနက်ရောင်တို့ကို တွဲမဝတ်မိပါစေနဲ့။ တောဆန်တဲ့ပုံပေါက်သွားစေပါလိမ့်မယ်။

ဘောင်းဘီခဲရောင်

ကိုယ်ကြိုက်လှပါတယ်ဆိုတဲ့ ဖိနပ်လေးနဲ့ ဘယ်ဘောင်းဘီတွဲဝတ်ရင်ကောင်းမလဲဆိုပြီး ခေါင်းခဲနေတယ်ဆိုရင်တော့ ခဲရောင်ဘောင်းဘီကိုသာ ရွေးချယ်လိုက်ပါ။ ခဲရောင်ဖက်သွားတဲ့ အရောင်တွေက စတိုင်မိတဲ့အသွင် ပေါ်လွင်စေပါတယ်။

အနက်ရောင်ဘောင်းဘီ

အဖြူရောင်လိုပဲ အနက်ရောင်ကလည်း ဘာနဲ့တွဲဝတ်ဝတ် လိုက်တယ်ဆိုတာက လူအများသိထားတဲ့ အခြေခံအချက်ပါ။ ဒါပေမယ့် ဖက်ရှင်ကိုနားလည်သူတို့အတွက်တော့ အနက်ရောင်ကလည်း အရောင်တိုင်းနဲ့မလိုက်ဘူးဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဆန်းသစ်တဲ့အသွင်ကို ဆောင်ကျဥ်းချင်တဲ့သူတို့အဖို့ အရောင်တောက်တောက်ဖိနပ်တွေကို ဝတ်ဆင်နိုင်ပါတယ်။

အသားရောင်၊ မိတ်ကပ်ရောင်ဘောင်းဘီ

အသားရောင် သို့မဟုတ် မိတ်ကပ်ရောင်တို့လို ဘောင်းဘီတွေဆိုရင် အရောင်နု သို့မဟုတ် အရောင်တောက်တဲ့ ဖိနပ်တွေနဲ့ တွဲစပ်နိုင်ပါတယ်။ တစ်ခုသတိထားရမှာက လုံးဝဆန့်ကျင်ဘက်ကြီးဖြစ်သွားစေနိုင်တဲ့ အနက်ရောင်ကိုတော့ မစီးမိအောင်သတိထားပါ။

အညိုဖျော့ရောင် ဘောင်းဘီ

အညိုရင့်ရောင် ဘောင်းဘီ

အညိုရင့်ရောင်က အရောင်တွဲဖို့ အင်မတန်ခက်ခဲတဲ့အရောင်ပါ။ အညိုရင့်ရောင်ရှိတဲ့ ဘောင်းဘီဝတ်မယ်ဆိုရင် ခဲရောင် သို့မဟုတ် အနက်ရောင် နဲ့ အနီ၊ ခရမ်းဖက်သွားတဲ့ အရောင်တွေကို အထူးရှောင်ပါ။

ဘောင်းဘီအပြာရောင်

အရောင်နုဖြစ်စေ၊ အရောင်တောက်တောက်ဖြစ်စေ၊ အရောင်ရင့်ဖြစ်စေ အပြာလို့ဆိုလိုက်တာနဲ့ ဘယ်ဖိနပ်အရောင်နဲ့မဆို လိုက်ဖက်လှပါတယ်။

အစိမ်းရောင်၊ သံလွင်ရောင်၊ ကာကီရောင် ဘောင်းဘီများ

အစိမ်းနဲ့ပတ်သက်တဲ့ အရောင်တွေရှိတဲ့ ဘောင်းဘီဝတ်မယ့်သူတိုင်း ဖိနပ်ကိုလည်း အစိမ်းမစီးမိအောင် သတိထားပါ။ သင့်ရဲ့ဖက်ရှင်စတိုင်ကို အင်မတန်ကြည့်ရဆိုးသွားစေနိုင်ပါတယ်။

ဘောင်းဘီ ကြက်သွေးရောင်

ကြက်သွေးရောင်ရှိတဲ့ ဘောင်းဘီတစ်ထည်က ခရမ်းရောင်နဲ့ အညိုရင့်ရောင်တို့ကလွဲလို့ ကျန်တဲ့အရောင်အများစုနဲ့ လိုက်ဖက်ပါတယ်။ သင့်ရဲ့ဝတ်စုံစတိုင်လ်ကို ပိုပြီးတောက်ပစေချင်တယ်ဆိုရင်တော့ အစိမ်း သို့မဟုတ် အပြာရောင်ဖိနပ်တို့နဲ့ စမ်းဝတ်ကြည့်နိုင်ပါတယ်။ အကယ်လို့ ကိုယ်ဝတ်မှာက ပေါ့ပေါ့ပါးပါးစတိုင်လ်ဆိုရင်တော့ ခဲဖက်သွားတဲ့ အရောင်ဖိနပ်တွေနဲ့ အတူတွဲစီးပါ။

Source: BrightSide

By MyStyle Myanmar